Bago News

Bago News

ကျောက်တံခါးမြို့နယ်၊ နရွဲပင်ရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၅ ဦး သေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၈

 

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ နရွဲပင်ရွာရှိ အကြမ်းဖက်စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး လက်နက် ၃ လက်နှင့်ခဲယမ်းများသိမ်းဆည်းရရှိခဲ့ ကြောင်း Spring Warriors Column အထူးကွန်မန်ဒိုတပ်ရင်းထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၁၆ ရက် နံနက်အစောပိုင်း ၁ နာရီ ၅၀ မိနစ်အချိန်က ကျောက်တံခါးမြို့နယ်၊ ပဲနွယ် ကုန်း – ကွင်းချောင်းဝလမ်းပေါ်ရှိ နရွဲပင်ရွာ၌ အင်အား (၃၀) ခန့်ဖြင့် တပ်စွဲထားသော စစ်‌ကောင်စီ တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား အလောင်း ၅ လောင်း ၊ ဘီအေ ၆၃ မောင်းပြန်ရိုင်ဖယ် ၂ လက် ၊ MA 1 အမျိုးအစား သေနတ် ၁ လက် ၊ ကျည်ကာ ဦးထုပ် ၃ လုံးနှင့် ကျည်ဆံအတောင့် ၁၀၀ တို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ​သည်။

ယင်းတိုက်ပွဲသည် နံနက် ၂ နာရီ ၁၀ မိနစ်အထိသာကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်သားများ အထိ နာကာ စခန်းစွန့် ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ကျောက်တံခါးမြို့နယ်၊ ရွှေဝါရွာ အခြေစိုက် အကြမ်းဖက် စစ်ကောင်စီတပ် ခလရ ၃၀၇ တပ်ရင်းမှ လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ကူပေး တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းတိုင်း၊ အမှတ်၂ စစ်ဒေသခွဲ၊ ဗျူဟာ (၂၅) လက်အောက်ရှိ ပဲခူးခရိုင် အမှတ် ၂ တပ်ရင်း ၊ ရိုးမ ၂ အထူးကွန်မန်ဒိုတပ်ရင်းနှင့် Spring Warriors Column ပူးပေါင်း တပ်ဖွဲ့ များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ် ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့် ရေမောင်းတန်းကျေးရွာတို့ဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို TNLA က ခုခံတိုက်ခိုက်   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည် ၊ နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာနှင့်ရေမောင်းတန်းကျေး ရွာကိုဘက်သို့ ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်း ခုခံတိုက်ခိုက်ခဲ့ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးဌာနက...