Magway News

Magway News

ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက်ရှိ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်မှု ပျူ ၃ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၇

 

မကွေးတိုင်း၊ ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက်ရှိ စစ်ဆေးရေး ဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ပျူ ၃ ဦး သေဆုံးခဲ့ကြောင်း ရွှေညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက် (အောင်ချမ်းသာကွက်သစ်)တွင် ရပ် ကွက် အုပ်ချုပ်ရေးမှူးမှ ဦးဆောင်ပြီး စစ်ဆေးရေးဂိတ်ဖွင့်ကာ လမ်းသွား လမ်းလာပြည်သူများထံမှ ဆက်ကြေးကောက်ခံနေသော ပျူစောထီးဂိတ်ကို ဝင်ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အုပ်ချုပ်ရေးမှူး သား ပျူဖိုးဖွားအပါအဝင် ၃ ဦးသေဆုံးခဲ့ပီး ပျူအချို့ ထွက်ပြေးသွားလွတ်မြောက်သွားကြောင်း သိရ သည်။

ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် သေဆုံးသွားသော ပျူအလောင်းများကို ပခုက္ကူဆေးရုံသို့ ပို့ဆောင်ကာ ညနေပိုင်းတွင် သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

 

အဆိုပါတိုက် ခိုက်မှုကို မြိုင်ပကဖ တပ်ရင်း-၃ တပ်ခွဲ (၄) နှင့် Shwe Nyar Myae PDF တို့ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မုံရွာ-မန္တလေးလမ်းပေါ်တွင် အိမ်စီးကားဖြင့်ထွက်လာသော စစ်သားများကို တိုက်ခိုက်မှု ဗိုလ်ကြီး ၁ ဦး အပါအဝင် ၃ ဦးသေဆုံး၊ ကားကို မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၁၈   စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာအနီး မုံရွာ-မန္တလေးလမ်းမပေါ်တွင် အိမ်စီးကားဖြင့် ထွက်လာ သော စစ်သားများကို...