Mying News

Mying News

မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ရော့ကတ်များဖြင့် တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

 

D Day News

ဧပြီလ ၂၁

 

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသော စစ်သားများကို ရော့ ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း ဘာမထီ လက် နက်ကြီး ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၁၇ ရက်နေ့ နံနက် ၆ နာရီခန့်တွင် မြိုင်မြို့နယ်၊ ဝက်ပုတ်ရွာ အနောက်ကျောင်း ဘုန်ကြီး ကျောင်းအတွင်းရှိ ရွှေဘုံသာ ဘုရားကို ဗျူဟာကုန်း ပြုလုပ်၍ ဘုရား မြေအောက်ခန်းကို ဘန်ကာ အဖြစ် အသုံးပြုကာ နေထိုင်သည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အီနာဂါဗုံးသီးများ၊ ရော့ ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဘရားဆောင်အနီး၌ အကြမ်းဖက်စစ်သားများထောင်ထားသည့် မိုင်းကို လက်နက်ကြီးထိမှန်ပေါက်ကွဲမှုအဆင့်ဆင့်ဖြစ်ပေါ်ခဲ့ပြီး ရွှေဘုံသာဘုရားဆောင်ပြိုကျကာ အကြမ်းဖက်စစ်သား ၂ ဦးသေဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဘာမထီ လက်နက်ကြီး ပြောက်ကျားတပ်ဖွဲ့က ရဲဘော်များက တိုက်ခိုက်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...