Sagaing News

Sagaing News

အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီးရွာ ကင်းပုန်းများကို တိုက်ခိုက်မှု ပျူစောထီး ၁ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၅

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်း ပျူစောထီးကျေးရွာ ကင်းပုန်းများကို ဝင်ရောက်တိုက် ခိုက်ခဲ့ရာ ပျူစောထီး ၁ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင်တပ်ရင်း ၁၉ – ရောင်နီဦးတပ်ရင်းထံမှ သိရ သည်။

 

ဖေဖော်ဝါရီလ ၁၁ ရက် ညနေ ၃ နာရီ ၂၀ မိနစ်အချိန်က အရာတော်မြို့နယ်၊ ငွေတွင်းပျူစောထီး ကျေးရွာအနီးပတ်ဝန်းကျင်ရှိ ကင်းပုန်းစခန်း ၃ ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်ပွဲ ၁၅ မိနစ်ခန့်ကြာမြင့်ခဲ့ပြီး ပျူ စောထီး ၁ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

“ငွေတွင်းရွာမှာက ပျူရော ၊ စခ ရောပေါင်းရင် ၈၀ ကျော် ၉၀ နီးပါးလောက်ရှိသေးတယ်။ ရွာပတ် ပတ်လည်မှာရှိတဲ့ ကင်းပုန်းစခန်း ၃ ခုကို ဝင်တိုက်ခဲ့တာပါ။ အင်အားက ၄၅ ဦးလောက်တော့ရှိမယ်၊ ကင်းပုန်းဝပ်နေတာ၊ မိဘပြည်သူတွေအနေနဲ့ စစ်ရေးသတိရှိရှိနေပေးကြဖို့နဲ့ အခုထက်ပိုမို့ လှုပ်ရှား နိုင်ဖို့ ခဲယမ်းကူပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု မုံရွာခရိုင်တပ်ရင်း ၁၉ – ရောင်နီဦးတပ်ရင်း မှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင် ဗျူဟာ ၆၆ စစ်ကြောင်း (မုံရွာခရိုင်တပ်ရင်းအမှတ် ၁၉ ရောင်နီဦး တပ်ရင်း ၊ အမှတ် ၂၁ တပ်ရင်း ၊ အမှတ် ၂၆ တပ်ရင်း) ၊အရာတော်မြို့နယ် ပကဖအဖွဲ့များနှင့် အခြား မဟာမိတ်အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိ အခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀ ဦးလက်နက်ချအညံ့ခံ   သံလွင်မြန်မာသတင်း မေလ ၂၃   ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီမြို့တောင်ဘက်၊ မြဝတီ-ဝေါ်လေလမ်းပေါ်ရှိ ဘလယ်ဒိုစစ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား ၁၀ ဦးကျော်သေဆုံးပြီး ၃၀...