Madalay News

Madalay News

ငါန်းဇွန်မြို့နယ်၊ ဆပ်ပြာကျင်းရွာတိုက်ပွဲတွင် စစ်သား ၅ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၄

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ဆပ်ပြာကျင်းရွာဘက်သို့ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်ခဲ့ ကြောင်း TGYR – Youth Guerrilla Counter Revolution – NZ တပ်ဖွဲ့ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၁၂ ရက် မွန်းတည့် ၁၂ နာရီက ငါန်းဇွန်မြို့မှ အနောက်ဘက်သို့ ကားလမ်းအတိုင်း ထွက်လာသည့် အင်အား ၁၀၀ ခန့်ပါ စစ်သား၊ ပျူစောထီးများကို ဆပ်ပြာကျင်းကျေးရွာအနီး အ ရောက် TGYR-Drone Team မှ Fixed Wings Drone ၂ -စီး ဖြင့် 700 Kg ဗုံးသီး ၂ လုံး) ကျဲချ တိုက် ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များမှာ ဆပ်ပြာကျင်းကျေးရွာမှ အရှေ့ဘက်ရှိ ဘုန်းကြီးကျောင်း အတွင်း သို့ ညနေ ၄ နာရီချိန်တွင် ပြန်ဆုတ်သွားကြောင်း သိရသည်။

ထို့သို့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များမှ ၄၀ မမ၊ ပန်းတိမ် ၊ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦး ထက်မနည်း ထိခိုက်သေ ဆုံးခဲ့ကြောင်း သိရသည်။

 

“တိုက်ပွဲဖြစ်ပြီးတော့ အဲဒီနေရာကနေ တပ်ဆုတ်သွားတယ်။ ပြီးတော့ အဲနားက ပြည်သူ ၂ ဦးကို လည်း ရိုက်သွား သေးတယ်။ ငါန်းဇွန်မြို့နယ်တွင်းမှာတေ့ ခြေရှုတ် နေတယ်၊ စခတွေ ပြာယာခပ်နေ ကြတယ်။” ဟု TGYR – Youth Guerrilla Counter Revolution – NZ တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို TGYR-YouthGuerrillaCounterRevolution-NZ (TGYR-DroneTeam ၊ မန္တ လေးခရိုင်အမှတ် – ၅ တပ်ရင်း ၊ အမရပူရမြို့နယ်(ပကဖ) ၊ အညာသား-ပြောက်ကျားတပ်ဖွဲ့နှင့် အား မာန် – ပြောက်ကျားတပ်ဖွဲ့ တို့ ပူပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ငါန်းဇွန်မြို့နယ် အတွင်းရှိ ပြည်သူအများကို စစ်ကောင်စီတပ်က ရန်သူသဖွယ် အနိုင်ကျင့် သတ်ဖြတ် နေခြင်း၊ လေ​​ကြောင်းမှ ဗုံး​ကြဲနေခြင်းနှင့် မတရားဆက်ကြေးကောက်ခြင်းတို့ ဆက်လက်ပြုလုပ်နေ သောကြောင့် မိဘပြည်သူများအနေဖြင့် လေ​​ကြောင်းအသိ ၊ စစ်ရေး သတိ ရှိစွာ နေထိုင်ကြရန် တိုက် တွန်း နှိုးဆော်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

၉/ အညာမြေ စစ်ဆင်ရေးအဖြစ် မြင်းခြံခရိုင်အတွင်းရှိ စစ်တပ်စခန်းနေရာ ၁၂ ခုကို တပြိုင်တည်းဝင် ရောက်တိုက်ခိုက်မှု စစ်သား ၅၀ ကျော်သေဆုံးပြီး လက်နက် ၂၇ လက် သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း မေလ ၂၄   မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၂...