Madalay News

Madalay News

မတ္တရာမြို့နယ်၌ ဒရုန်းမစ်ရှင်ပေါင်း ၄၂ ကြိမ်ဖော်ဆောင်ခဲ့ပြီး ဒရုန်း ၇ စီးပျက်စီးဆုံးရှုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၄

 

မန္တလေးတိုင်း ၊ မတ္တရာမြို့နယ်အတွင်း၌ ဒရုန်းမစ်ရှင်ပေါင်း ၄၂ ကြိမ်ဖော်ဆောင်ခဲ့ပြီး ဒရုန်း ၇ စီးပျက် စီးဆုံးရှုံးခဲ့ကြောင်း ရတနာပုံတပ်ဦးက သတင်းထုတ်ပြန်သည်။

 

၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့မှ နိုဝင်ဘာလ ၂ ရက်နေ့အထိ မတ္တရာမြို့နယ်အခြေစိုက် နယ်မြေ ခံ ပကဖ များ၊ မဟာမိတ် တပ်ရင်း တပ်ဖွဲ့များဖြင့် ပူးပေါင်းကာ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်း များ၊ စစ်ကြောင်းများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများလည်းရှိသေဆုံးသလို စစ်ကောင်စီ တပ်စခန်းများ ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း၊ ယင်း စစ်ဆင်ရေး ၄၂ ကြိမ်အတွင်း Drone ၇ စီး ပျက်ကျ ဆုံးရှုံးခဲ့ကြောင်း သိရသည်။

“၂၀၂၅ ခုနှစ်မှာ စကစ ဘက်က ဒရုန်းတွေ ပိုသုံးလာတယ်။ နည်းပညာပိုင်းတွေမြှင့်လာတာ။ ကျနော် တို့ဘက်မှာလည်း နည်းပညာတွေ၊ လုပ်နိုင်စွမ်းတွေ အများကြီးရှိပါတယ်။ လုပ်လည်းလုပ်ပြနိုင်ခဲ့ တယ်။ ဒါပေမယ့် အထောက်အပံ့က လုံလုံလောက်လောက်မရတော့ ရုန်းတွေ Update မြှင့်ဖို့ထက် သမာရိုးကျတိုက်ခိုက်ဖို့တောင် မနည်းရုန်းကန်နေရတယ်။” ဟု ရတနာပုံတပ်ဦး တာဝန်ခံ ကိုကီရီက ပြောကြားသည်။

 

ထို့ကြောင့် သက်ဆိုင်ရာတာဝန်ရှိသူများ၊ မိဘပြည်သူများ၊ ပြည်တွင်းပြည်ပမှ ထောက်ပို့ပြည်သူများ အနေဖြင့် ဝိုင်းဝန်းထောက်ပံ့ကူညီပေးစေလိုကြောင်း ဆက်လက်၍ မေတ္တာရပ်ခံထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

လောင်းလုံးမြို့ပေါ်ရှိ စရဖရုံးကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၅   တနင်္သာရီတိုင်း၊ လောင်းလုံးမြို့ပေါ်ရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ - စရဖ ရုံးကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ့ထံမှ သိရသည်။...