Mandalay News

Mandalay News

ယူနက်စကိုစာရင်းဝင် ပုဂံရှေးဟောင်းနယ်မြေအတွင်းရှိ ဂျိုးကန်ကျေးရွာကို စစ်တပ်က လေကြောင်း ဖြင့်ဗုံးကျဲတိုက်ခိုက်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၄

 

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်းရှိ ယူနစ်စကို စာရင်းဝင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ အတွင်းရှိ ဂျိုးကန်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း ညောင်ဦးမြို့ နယ် ပကဖ ထံမှ သိရသည်။

 

ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် နံနက်ပိုင်းက ညောင်ဦးမြို့နယ်၊ ယူနစ်စကိုစာရင်းဝင် ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေ အတွင်းရှိ ကန်နီပေါက်အုပ်စု ၊ ဂျိုးကန်ကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပြင်းထန်စွာပေါက်ကွဲမှုဖြစ်ခဲ့ပြီး မြေကြီးတုန်ခါမှုဖြစ်ကာ ရှေးဟောင်းဘုရားများ ထိခိုက်ပျက်စီးနိုင်ကြောင်း သိရသည်။

“ဒီမနက် ဘာတိုက်ပွဲမှလည်း မရှိပဲနဲ့ ယူနက်စကိုနယ်မြေကို လေယာဉ်နဲ့ ဗုံးကျဲသွားတာ၊ ထိခိုက်သေ ဆုံးပျက်စီးမှုကတော့ မသိရသေးဘူး။ လေယာဉ်ဗုံးကြောင့် မြေကြီးပါတုန်တယ်။ ယူနက်စကိုနယ်မြေ ကျည်မကျရ ၊ တိုက်ပွဲမဖြစ်ရ ပြောနေပေမယ့် စကစ လေယာဉ်နဲ့ ဗုံးကျဲသွားတာပါ။ ဘုရားတွေနဲ့ သိပ်မဝေးဘူး။ ယူနက်စကိုစာရင်းဝင် သာသနာနယ်မြေမှာတောင် စကစ လေကြောင်းကနေ တိုက် ခိုက်နေပြီ” ဟု ညောင်ဦးမြို့ နယ် ပကဖ တာဝန်ခံ ကိုဇီးက ပြောကြားသည်။

 

ထို့အပြင် ကျောက်ပန်းတောင်းမြို့နယ်နှင့် ညောင်ဦးမြို့နယ်တို့အတွင်းမှ အကြမ်းဖက်စစ်ကောင်စီ တပ်သားများ ပူးပေါင်းကာ အင်အား ၃၀၀ ခန့်ဖြင့် ညောင်ဦး -ကျောက်ပန်းတောင်း လမ်းမနှင့် ညောင်ဦး -ချောက် ကားလမ်းမတလျှောက်တွင် ကင်းပုန်းဝပ်ကာ စစ်ကြောင်းထိုးနေကြောင်း၊ ထို့ ကြောင့် မိဘပြည်သူများအနေဖြင့် စစ်ရေးအသိ၊ သတိဖြင့် နေထိုင်ကြပါရန် တိုက်တွန်းထားသည်။

 

“စကစဘက်က သာသနာနယ်မြေဆိုပြီး အလွတ်ပေးမှာမဟုတ်ပါဘူး။ ယူနက်စကိုနယ်မြေဆိုပေမယ့် စကစ က အချိန်မရွေးလေကြောင်းတိုက်ခိုက်မှု လုပ်လာနိုင်ပါတယ်၊ ဒါကြောင့် ဗုံးခိုကျင်းတွေ တူး ထားစေချင်ပါတယ်။” ဟု ညောင်ဦးမြို့ နယ် ပကဖ တာဝန်ခံ ကိုဇီးက တိုက်တွန်းပြောကြားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KNU News

KNU News

သထုံမြို့နယ်၊ လယ်ဒို၊ ဆောထိမြို့တွင်စစ်တပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ် သတ်ဖြတ်မှုကြောင့် ပြည်သူ ၅ ဦးသေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၄   ကေအဲန်ယူ−သထုံမြို့နယ်၊ လယ်ဒို မြို့နယ်နှင့် ဆောထိမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လက် နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပြည်သူ...