Magway News

Magway News

ချောက်မြို့နယ်၊ မကျီးကုန်းရွာအနီးတွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၃

 

မကွေးတိုင်း၊ ချောက်မြို့နယ်၊ မကျီးကုန်းရွာအနီးတွင် စစ်တပ်ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးခဲ့ကြောင်း Chauk Revolution Army ထံမှ သိရသည်။

 

ယနေ့ ဖေဖော်ဝါရီလ ၁၃ ရက် မွန်းလွဲ ၂ နာရီ ၂၅ မိနစ်က စလေမြို့နယ်၊ တောင်သာလမ်းခွဲမှ ဖော ကား ၁ စီး၊ ကားလေး ၁ စီး၊ ဆိုင်ကယ် ၄ စီးဖြင့် ထွက်လာသော ယာဉ်တန်းကို ချောက်မြို့နယ်၊ မကျီး ကုန်းကျေးရွာတောင်ဘက်အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ၇ ဦးထိခိုက်ဒဏ် ရာ ရရှိခဲ့ကြောင်း သိရသည်။

“စလေမြို့နယ်၊ တောင်သာလမ်းခွဲဂိတ်ကနေ တက်လာတာဟုတ်ပါတယ်။ အင်အားက စုစုပေါင်း ဆိုရင် ၄၀ လောက်ရှိပါတယ်။ မိုင်းဆွဲတဲ့နေရာ အနီးပတ်ဝန်းကျင်မှာ တိုက်မိုင်းတွေပါ အသင့်ထောင် ထားတာမို့ ထပ်တိုးမိပြီးသေဆုံးထိခိုက်တာများတယ်လို့ သတင်းရထားပါတယ်” ဟု Chauk Revolution Army မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို  Chauk Revolution Army ( CRA ) ၊ KDF ၊ ဒေါင်းစစ်သည် ပြောက်ကျား တပ်ဖွဲ့ နှင့် မဟာမိတ်များပူပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သားများမှာလည်း ရှေ့ မတိုးရဲတော့ပဲ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအစပ်ရှိ စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၈ ဦးသေဆုံးပြီး စစ် ကူယူကာ သေဆုံးစစ်သားအလောင်းများနှင့်အတူ ဆုတ်ပြေး   သံလွင်မြန်မာသတင်း မေလ ၂၇   ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင်၊ ထန်းပင်ကုန်းကျေးရွာ၊ ဗိုလ်ရုံစုတွင်တပ်စွဲထား သော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သား...