Yedashe News

Yedashe News

ရေတာရှည်မြို့နယ်၊ ဆွာရွာမကြီးကျေးရွာအနီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး စစ်သား ၅၀ ကျော် သေ ဆုံး၊ သေဆုံးဒဏ်ရာရ စစ်သားအလောင်းများကို ဖောကား ၃ စီးဖြင့် သယ်ယူ

 

D Day News

ဧပြီလ ၂၀

 

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ဆွာရွာမကြီးကျေးရွာအနီးတွင် တိုက်ပွဲ ၂ ကြိမ်ဖြစ်ပြီး အ ကြမ်းဖက်စစ်သား ၅၀ ကျော်သေဆုံးခဲ့ပြီး သေဆုံး၊ ဒဏ်ရာရ စစ်သားအလောင်းများကို ဖောကား ဖြင့် ၃ စီးဖြင့် သယ်ယူသွားကြောင်း ပုဝါနီစစ်ကြောင်းက ထုတ်ပြန်သည်။

 

ဧပြီလ ၁၇ ရက် နံနက် ၅ နာရီ ၄၅ မိနစ်ခန့်စတင်၍ ရေတာရှည်မြို့နယ်၊ မြောင်းတူးကျေးရွာမှ တ ဆင့် ဆွာရွာမကြီးကျေးရွာနှင့် ကျိတ်ပုတီး၊ ခင်တန်းကျေးရွာတို့ ဘက်သို့ စစ်ကြောင်းထိုး၀င်ရောက် လာသော အင်အား ၁၅၀ ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး ပူးပေါင်း တပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ရာ ညနေ ၃ နာရီခွဲဝန်းကျင်အထိ တစ်ကြိမ်၊ ည ၆ နာရီခွဲ မှ ၇နာရီ အထိ တစ်ကြိမ် တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ ၃၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိ ကာ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ဖောကား ၂ စီးဖြင့် သယ်ဆောင်သွားကြောင်း၊ ထို့ အပြင် ညပိုင်းတွင် သေဆုံးသွားသော အကြမ်းဖက်စစ်သားများကို ဖောကား ၁ စီးဖြင့်ထပ်မံ သယ် ဆောင် သွားသည့်အပြင် အလောင်းအချို့ကို စစ်တောင်းမြစ် အရှေ့ ဘက်ကမ်း၌ မြေမြှုပ် သင်္ဂြုလ်ထားခဲ့ ကြောင်း၊ တိုက်ပွဲ ၂ ကြိမ်အတွင်း စုစုပေါင်း စစ်သား ၅၀ ခန့်သေဆုံးသွားကြောင်း သိရသည်။

 

အထိနာ သော အကြမ်းဖက်စစ်တပ်က Jet Fighter ဖြင့် ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် လက်နက်ကြီး၊ ဒရုန်းတို့ဖြင့် တနေကုန်နီးပါး ပစ်ခတ်ခဲ့မှုကြောင့် ပြည်သူ့နေအိမ်များ ထိခိုက်ပျက် စီးမှုရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ပုဝါနီစစ်ကြောင်း၊ ကီးကူစစ်ကြောင်း၊ နေပြည်တော် စစ်ကြောင်းနှင့် ၃၅၀၁ တပ်ခွဲ ၃ ၊ တပ်ခွဲ ၄ တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပုဝါနီစစ်ကြောင်းမှ ရဲဘော်ရဲရင့်သူ၊ ကီးကူ စစ်ကြောင်းမှ ရဲဘော်ဆိုလာ နေပြည်တော် တပ်ရင်း ၉၀၁ မှ ရဲဘော်သရဲ နှင့် နေပြည်တော် တပ်ရင်း ၉၀၁ မှ တပ်ခွဲမှူးတို့ တိုင်းပြည်နှင့် ဖက်ဒရယ်ပြည် ထောင် စု အတွက် စုစုပေါင်း ၄ ဦး ‌မြင့် မြတ်စွာအသက်ပေးလှူခဲ့ရကြောင်း၊ ထိုအပြင် ရဲဘော် ၈ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရ သည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

ရေးမြို့နယ်၊ အောင်သပြေကျေးရွာအနီးတွင် စစ်တပ်စစ်ကြောင်းကို ၂ ကြိမ်တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံးပြီး တော်လှန်ရေး တပ်ဖွဲ့ဝင် ၁ ဦးကျဆုံး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ အောင်သပြေကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို ၂ ကြိမ်တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ဦးကျဆုံးခဲ့ ကြောင်း မွန်ပြည်တော်လှန်ရေးတပ် -MSRF ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၂၀...