Shan State News

Shan State News

ညောင်ရွှေမြို့နယ်၊ ရေပူရွာအနီးတိုက်ပွဲတွင် စစ်တပ်မှ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၄ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၂

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ ရေပူကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ် မှ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၄ ဦးသေဆုံးခဲ့ကြောင်း အင်းလေးပြည်သူ့ကာကွယ်ရေးတပ် – IPDF က ထုတ်ပြန်သည်။

 

ဇန်နဝါရီလ ၃၀ ရက်နေ့က ညောင်ရွှေမြို့နယ် ၊ ရန်ကင်းကျေးရွာ၊ ထီရီးကျေးရွာ နှင့် ထမင်းချိုဓာတ် ဘုရား စခန်းကုန်းတွင် တပ်စွဲထား‌သော အကြမ်းဖက်စစ်တပ်နှင့် ပအိုဝ်းပြည်သူ့စစ် PNA တပ်များ ပူးပေါင်း၍ အင်အား ၁၅၀ ဝန်းကျင်ဖြင့် ရေပူရွာအရှေ့ဘက်ရေချောင်းအထိ စစ်ကြောင်းထိုး ဝင် ရောက်လာသဖြင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ရာ အပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ ကြောင်း သိရသည်။

ယင်းတိုက်ပွဲသည် ၁၅ မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်မှ တပ်လန့်သွားကာ ထီရီးကျေးရွာ အတွင်းသို့ ပြန်လည် ဆုတ်ခွာသွားကြောင်း၊ ထိုသို့ ဆုတ်ခွာသွားသည့် အကြမ်းဖက်စစ်တပ် စစ် ကြောင်းကို တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ဒရုန်းများဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၄ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်သား ၂ ဦး နှင့် ပအိုဝမ်းပြည်သူ့စစ် တပ်သား ၁ ဦး စုစုပေါင်း ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို အင်း‌လေးပြည်သူ့ကာကွယ်ရေးတပ် (IPDF) အမှတ် 1009 တပ်ရင်း၊ ဖယ်ခုံ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် PK PDF-2 အမှတ် 1006 တပ်ရင်း ၊ (Bee Coloum) ပျားစစ် ကြောင်းနှင့် SSRY တပ်ဖွဲ့ များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်ရှိ စစ်တပ်စခန်းကို တိုက်ခိုက်မှု စစ်သား ၄ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၈   တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ရွှေဂူတောင်ပေါ်ရှိ စစ်တပ်စခန်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း ဒူရကစစ်ကြောင်းထံမှ သိရသည်။   ဇွန်လ...