Magway News

Magway News

ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တနေ့တည်း ၂ ကြိမ် တိုက်ခိုက်မှု စစ်သား ၆ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၂

 

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တနေ့တည်း ၂ ကြိမ်တိုက် ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့ကြောင်း Myaing Supportion Battalion (MSB) ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၉ ရက်‌ နံနက်ပိုင်းက ပေါက်မြို့နယ် ၊ ကုက္ကိုစုရွာမှ အင်အား ၂၀၀ ခန့်ဖြင့် ထွက် လာသော စစ်သား၊ ရဲ နှင့် ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ကျောက်လုံးရွာအနီးအရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁ ဦး သေးဆုံး ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ထို့နောက် ညနေပိုင်းတွင် ယင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းအး မြိုင်မြို့နယ် ၊ ဝါးရင်းချိုင်ရွာ အနီး အရောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ထပ်မံ၍ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦး သေဆုံးပြီး ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လက်ရှိတော့ အဲဒီစစ်ကြောင်းက စစ်မှုထဲရောက်နေပါတယ်။ ၉ ရက်နေ့ တစ်ရက်တည်း ၂ ကြိမ်ဖြစ် တာပါ။ မနက်ပိုင်းတစ်ကြိမ်နဲ့ ညနေပိုင်း တစ်ကြိမ်ပါ။ အဲဒီစစ်ကြောင်းက ဇန်နဝါရီလ ၅ ရက်လောက် ကတည်းက ပခုက္ကူကနေ ကား ၃၂ စီးနဲ့ ထွက်လာတဲ့ စစ်ကြောင်းပါ” ဟု Myaing Supportion Battalion (MSB) မှ တာ ဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

 

အဆိုပါတိုက်ခိုက်မှုများကို Myaing Supportion Battalion (MSB) ၏ ထောက်ပို့ခံတပ်ရင်း များဖြစ် သော ပခုက္ကူခရိုင် အမှတ် ၂ တပ်ရင်း၊ အမှတ် ၆ တပ်ရင်း ၊ အမှတ် ၇ တပ်ရင်း ၊ အမှတ် ၁၄ တပ်ရင်း၊ အမှတ် ၁၅ တပ်ရင်း ၊ အမှတ် ၁၇ တပ်ရင်းများနှင့် မဟာမိတ်တပ်ရင်း၊  LPDFများ ဒေသခံ ပ.က.ဖ တပ်ဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မြင်းခြံမြို့နယ်၊တူရွှင်းဘို့ကျေးရွာကို ဝင်ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးပြီး ကစဉ့်ကလျား ပြန်ဆုတ်ပြေး   သံလွင်မြန်မာသတင်း ဇွန်လ ၉   မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ တူရွှင်းဘို့ကျေးရွာဘက်သို့ ဝင်ရောက်လာသော စစ်တပ် စစ်ကြောင်း ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး...