Magway News

Magway News

ငဖဲမြို့နယ်၊ ပျဉ်ဝ၊ ဘုရားတောင်၌ တပ်စွဲထားသော စစ်တပ်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ် သားများ စခန်းများစခန်းစွန့်ခွာထွက်ပြေးသဖြင့် ခဲယမ်းများ သိမ်းဆည်းကာ စခန်းကို မီးရှို့ဖျက်ဆီး၊ စစ်တပ်က ဂုတ်ဝရွာနှင့် ရေနွယ်ရွာမှ ပြည်သူများကို ထပ်မံလာရောက်ဖမ်းဆီး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁၁

 

မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့အနောက်ဘက်ရှိ ပျဉ်ဝဘုရားတောင်၌ တပ်စွဲထားသော စစ်သား များကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားများအားလုံးစခန်းစွန့်ခွာထွက်ပြေးသွားကြောင်း ချင်းကာ ကွယ်ရေးတပ် – အရှို (CDF -Asho) ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၉ ရက် မွန်းလွဲ ၁ နာရီခန့်က ငဖဲမြို့နယ်၊ ပဒါန်းမြို့အနောက်ဘက် ပျဉ်းဝ စစ်ဆေးရေး ဂိတ်အနီးရှိ ဘုရားတောင်တွင် တပ်စွဲထားသော စစ်တပ်စခန်းကုန်းကို ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho) တိုက်ခိုက်ရန် စခန်းကုန်းအနီး ကပ်၍ နေရာယူပြီး ပစ်ခတ်စဉ် စစ်ကောင်စီတပ်သား များမှာ အနည်းငယ်သာ ပြန်လည်ခတ်ပြီး စခန်း စွန့်ခွာထွက်ပြေးသွားကြောင်း သိရသည်။

“အင်အားက ၁၅ ယောက်လောက်ပဲရှိပါတယ်။ အဓိကကတော့ ဘုရားတောင်မှာ တပ်စွဲထားတဲ့ စကစ ရဲ့အဓိကတာဝန်ကိုက ပျဉ်းဝဂိတ်မှာသွားပြီး ကင်းစောင့်ဖို့အတွက် အဲဒီကုန်းမှာသွားပြီး နေရာ ယူထားတာမျိုးပါ၊ နေ့ဘက်ဆိုရင် ပျဉ်းဝဂိတ်မှာ ကင်းစောင့်ပြီးတော့ ညဘက်ဆိုရင် ဒီစခန်းမှာ နေရာ ယူထားတာပါ။ ပြီးတော့ ဒီစခန်းနဲ့အနီးတဝိုက်မှာရှိတဲ့ တခြားတခြားသော စခန်းငယ်လေးတွေကို လည်း အင်အားဖြည့်ရတာမျိုး၊ အပြောင်းအလဲလုပ်ရတာမျိုး ဒီလိုမျိုးအတွက် ဒီစခန်းကို အထိုင်ချပေး ထားတာဖြစ်ပါတယ်။” ဟု ချင်းကာကွယ်ရေးတပ် – အရှို (CDF -Asho) သတင်းနှင့်ပြန်ကြားရေးတာ ဝန်ခံ ဆလိုင်းရိုချင်းက  ပြောကြားသည်။

 

ထို့ကြောင့် CDF – Asho ရဲဘော်များအနေဖြင့် ဘုရားတောင်စခန်းကုန်းပေါ်ရှိ စစ်ကောင်စီ တပ် သားများ နေထိုင်သော အဆောင်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထိုသို့ တိုက်ခိုက်ခံရမှုကြောင့် ပျဉ်းဝစစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီ တပ်သားအာလုံးလည်း ပဒါန်းမြို့အနီး စခန်းများဘက်သို့ အသီးသီး ထွက်ပြေးသွားကြောင်း သိရသည်။

 

“သိမ်းဆည်းရမိတဲ့ပစ္စည်းတွေမှာတော့ လက်နက်အဆင့်အထိမပါဝင်ပဲနဲ့ ခဲယမ်းအချို့နဲ့ အခြားသော ဆေးနဲ့ အသုံးအဆောင်ပစ္စည်းအသေးလေးတွေသာ သိမ်းဆည်းရရှိခဲ့တာပါ။ ကျည်ဆံနဲ့ စစ်အသုံး အဆောင် ဆက်စပ်ပစ္စည်လေးတွေလောက်သာ သိမ်းဆည်းရရှိခဲ့တာပါ။ လတ်တလောတော့ ပြည်သူ ၁၀ ဦးကျော်ကျော်လောက်အထိ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံထားရတယ်လို့ သိထားရပါတယ်” ဟု ချင်းကာကွယ်ရေးတပ် – အရှို (CDF -Asho) သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ဆလိုင်းရိုချင်းက ရှင်း ပြသည်။

 

တိုက်ခိုက်ခံရပြီးနောက် ၁ ရက်ခန့်အကြာ ယမန်နေ့ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် အကြမ်းဖက်စစ် ကောင်စီတပ်သားများက ဘုရားတောင်စခန်းကုန်းအနီးရှိ ဂုတ်ဝ နှင့် ရေနွယ် အရှိုချင်းကျေးရွာများမှ အပြစ်မဲ့ အရပ်သားပြည်သူ ၁၀ ဦးခန့်ကို လာရောက်ဖမ်းဆီးသွားကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်းရွာ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်၊ ပျူခေါင်းဆောင် သေဆုံးပြီး ၁၈ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၄   စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆည်ပင်ကျွန်းရွာ ပျူစခန်းကို ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ပျူ‌ ခေါင်းဆောင် သေဆုံးပြီး ၁၈ ဦးကို...