Nattalin News

Nattalin News

နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် ဆိုင်ကယ် ၃ စီးကို မိုင်းဆွဲ တိုက်ခိုက်

 

D Day News

ဧပြီလ ၂၀

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ နတ်တလင်းမြို့နယ်တွင် စစ်ကောင်စီတပ်သားများ စီးနင်းလာသည့် ဆိုင်ကယ် ၃ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်ဒဏ်ရာရရှိမှုရှိကြောင်း Phoenix-D-F – နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၈ ရက် ညနေ ၂ နာရီ မိနစ် ၅၀ အချိန်ခန့်က နတ်တလင်းမြို့နယ်၊ ပျဉ်ပုံရွာမှ စစ် ဗိုလ် တစ်ဦးကို မကျီးပင်ရွာအောင်သုခသို့ လိုက်ပို့ပြီးပြန်လာသော အကြမ်းဖက်စစ်သား ၉ ဦး စီးနင်း လိုက်ပါလာသည့် ဆိုင်ကယ် ၃ စီးကို ပန်းပဲနေရာအရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် သားများ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

“၃ ယောက် တစ်စီး စီးလာတာ။ သူတို့ ဆိုင်ကယ်နဲ့ မလှမ်းမကမ်းမှာ ပြည်သူဆိုင်ကယ်တစ်စီးက ကပ်လိုက်လာလို့ မရောက်ခင်ဆွဲလိုက်ရတာ။ အဲလိုကြိုဆွဲလိုက်ရလို့ ထိရောက်မှုတော့ သိပ်မရှိဘူး လို့ပြောတာပဲ။ အဲဒီခွေးတွေက ပျဉ်ပုံရွာကနေ မကျည်းပင်အောင်သုခကို သွားတာ ပျဉ်ပုံရွာက ပျူရွာ လိုဖြစ်နေတာ၊ မကျည်းပင်ရွာမှာက ရဲစခန်းရှိတယ်။ ဗိုလ်ကိုလိုက်ပို့ပြီးတော့ အပြန်မှာ လမ်းမှာဆွဲ လိုက်တာ” ဟု Phoenix-D-F – နတ်တလင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုကို သာယာဝတီခရိုင်၊ အမှတ် ၁ တပ်ရင်း – ၃၈ဝ၁ တပ်ခွဲ ၂ PHOENIX D F ရဲဘော်များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိဘပြည်သူများ အနေဖြင့် အကြိမ်ကြိမ် အသိပေး ထုတ်ပြန်ခဲ့ပြီးဖြစ်သည့် အကြမ်းဖက်စစ်သားများအတူ သွားလာခြင်း၊ အကြမ်းဖက်စစ်သားများ၏ ယာဉ်များနောက် ကပ်လိုက်ခြင်း တို့ မပြုလုပ်ကြရန် ထုတ်ပြန်ထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...