Bago News

Bago News

မင်းလှမြို့နယ်၊ ချောင်းမကြီးတံတားတိုက်ပွဲ၌ စစ်သား ၂ ဦး သေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၃

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ချောင်းမကြီးတံတားတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ ထံမှ သိရသည်။

 

ဖေဖော်ဝါရီလ ၁ ရက် မွန်းတည့် ၁၂ နာရီခန့်က မင်းလှမြို့နယ်၊ စမ်းဘုတ်အုပ်စု၊ ကျွန်းကုန်းကျေးရွာ ချောင်းမကြီး တံတားအနီး၌ အင်အား ၃၀ ခန့်ပါ အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို သာယာဝတီ ခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အပြန်အလှန် ပစ်ခတ်တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့ပြီး အထိနာသွားသော အကြမ်းဖက်စစ်ကြောင်းက ပြန်လည်ဆုတ်ခွာသွားကြောင်း၊ ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၂ ဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

မင်းလှမြို့နယ်အတွင်း၌ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာနိုင်သောကြောင့် မိဘပြည်သူများ အနေ ဖြင့် အကြမ်းဖက်စစ်ကောင်စီတပ် စခန်း၊ တပ်သား၊ စစ်ကြောင်းများ အနီး သွားလာနေထိုင်ခြင်း လုံးဝ (လုံးဝ) မပြုလုပ်ကြရန် သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ က ထုတ်ပြန်ထားသည်။

Thanlwin Myanamar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Chin State News

Chin State News

တီးတိန်မြို့နယ်၊ မွှာလ်ပီးရွာ၌ တပ်စွဲထားသော စစ်တပ် ကာကင်းစခန်း ၃ ခုကို ချင်းတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၅ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများနှင့် အ တူ အရှင်ဖမ်းမိသူများလည်းရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ မွှာလ်ပီးကျေးရွာ၌...