Sagaing News

Sagaing News

အရာတော်မြို့နယ်၊ ငွေတွင်းရွာ ပျူစခန်းမှ ထွက်လာသော စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၃

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းရွာ ပျူစောထီးစခန်းမှ ထွက်လာသော အကြမ်းဖက် စစ် တပ် စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း မုံရွာခရိုင် အမှတ် ၁၉ တပ်ရင်း -ရောင်နီဦးတပ်ရင်းမှ ထံမှ သိရသည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၂ ရက် နံနက် ၉ နာရီ ၁၀ မိနစ်က အင်အား ၄၀ ခန့်ဖြင့် အရာတော်မြို့နယ်၊ ငွေတွင်းရွာ ပျူစောထီးစခန်းမှ ထွက်လာသော အကြမ်းဖက်စစ်သား၊ ပျူစောထီးများကို ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ခြုံခိုတိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ မိနစ် ၃၀ ခန့်အ ကြာဖြစ်ခဲ့ပြီး အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကာ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပြီးတော့ ငွေတွင်းပျူစခန်းထဲပဲ ပြန်ဆုတ်သွားပါတယ်။ ဒီနေ့အထိ ပြန်ထွက်လာတာမျိုး မရှိပါဘူး။ စစ်ရေးအရှိန်မြင့်လာတာနဲ့အမျှ ပြ်ညသူတွေ စစ်ရေး သတိရှိကြဖို့ ၊ တပ်ဖွဲ့ အသီးသီးတွေ လည်း ကိုယ့်အလုပ်ကို လုပ်ကြဖို့ အကြံပြုပါတယ်။ ပြီးတော့ တိုက်ပွဲတွေ အခုထက်အရှိန်မြှင့်နိုင်ဖို့ အတွက် ထောက်ပို့အားတွေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု မုံရွာခရိုင် အမှတ် ၁၉ တပ် ရင်း -ရောင်နီဦးတပ်ရင်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြား သည်။

 

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်ဗျူဟာ ၆၆ စစ်ကြောင်းများဖြစ်သည့် မုံရွာခရိုင် တပ်ရင်း အမှတ် ၁၉ တပ်ရင်း၊ အမှတ် ၂၁ တပ်ရင်း၊ အမှတ်၂၆တပ်ရင်း ၊ အရာတော်မြို့နယ်ပကဖအဖွဲ့များနှင့်အတူ အ ခြား မဟာမိတ်အဖွဲ့များပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ဖြူးမြို့နယ်တရားရုံးရှေ့၊ ဇေယျဝတီမြို့ရဲစခန်း၊ ဘူတာရုံတို့အပါအဝင် နေရာ ၆ ခုကို စီးနင်းတိုက် ခိုက်မှု စစ်သား ၄ ဦး သေဆုံးပြီး လက်နက် ၁ လက် သိမ်းဆည်းရရှိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တရားရုံးရှေ့၊...