KNU News

KNU News

ဘီးလင်းမြို့နယ်၊ မယ်ပရိဗျူဟာစခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်မှု ဗျူဟာ မှူး၊ တပ်ရင်းမှူးအပါအဝင် စစ်သား ၂၉ ဦးအရှင်မိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ မယ်ပရိ ဗျူဟာစခန်းကိုတ တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ဗျူဟာမှူး ၊ တပ်ရင်းမှူးအပါအဝင် ၂၉ ဦးအရှင်ဖမ်းမိခဲ့ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များထံက သိရ သည်။

 

ယမန်နေ့ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၁ နာရီခန့်က KNU သထုံခရိုင် တပ်မဟာ ၁ နယ်မြေ ၊ ဘီး လင်းမြို့နယ်၊ မယ်ပရိ ဗျူဟာ စခန်းကို KNLA ပူးပေါင်းတပ်ဖွဲ့များက အပြီးသတ် တိုက်ခိုက်သိမ်း ပိုက်ရရှိခဲ့ခြင်းဖြစ်ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား ဗျူဟာမှူး၊ တပ်ရင်းမှူး ၊ G2 အပါအဝင် ၂၉ ဦး အရှင်ဖမ်းမိခဲ့ပြီး သေဆုံးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၊ ထို့အပြင် ဟောင်ဝှစ်ဇာလက် နက် ကြီး အပါအဝင် လက်နက်ခဲယမ်းလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းအကြမ်းဖက်စစ်တပ်စခန်းကို ဇန်နဝါရီလ ၁ ရက်နေ့ကလည်း KNLA ပူးပေါင်းတပ်ဖွဲ့များက စတင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁ လအကြာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ စခန်း သိမ်း တိုက်ပွဲ အတွင်း အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများ ပြန်လည်ပစ်ခတ်မှုအပြင် လေကြောင်း စစ်ကူများဖြင့် အပြင်းအထန်ခုခံတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုကြောင့် မဲပလီခီးကျေးရွာအုပ်စုနှင့် (အီးစူခီး)အစူးချောင်းကျေးရွာအုပ်စုရှိ ကျေးရွာ ၁၂ ရွာမှ ဒေသနေပြည်သူ ၂၀၀၀ ကျော် ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရပြီး နေအိမ် ၆ လုံးထိခိုက် ပျက်စီးခဲ့ကြောင်း သိရသည်။

 

သိမ်းပိုက်ရရှိခဲ့သော မဲပလီစခန်းတွင် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ ၄၀၅ အခြေချတပ်စွဲ ထား ခြင်းဖြစ်ပြီး တပ်ဖွဲ့ဝင် အင်အား ၁၀၀ ခန့်ရှိကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ဒရုန်း ၂ စီး ပျက်စီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာ စစ်တပ် အထိုင်စခန်းကို ဒရုန်းဖြင့် ဗုံးကျဲ တိုက် ခိုက်ခဲ့ရာ စစ်တပ်...