CDM News

CDM News

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦးအပါအဝင် စစ်သား၊ ရဲ ၁၃၆ ဦး အလင်းဝင် ၊ လက် ၈၃ လက်ရရှိ

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၂

 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း၌ အကြမ်းဖက်စစ်ကောင်စီတပ်မှ ဗိုလ်မှူးအဆင့်ရှိသူ ၁ ဦးအပါအ ဝင် စစ်ကောင်စီတပ်သား ၁၃၆ ဦး ပြည်သူ့ရင်ခွင်သို့ အလင်းဝင်ခိုလှုံခဲ့ကြောင်း NUG ကာကွယ် ရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင်အကောင်အထည်ဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ကာ ကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ PDF တပ်ရင်းများ၊ ပကဖများကို ဆက်သွယ်ကာပြည်သူ့ ဘက်သို့ ရပ်တည် ကူးပြောင်း လာခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့သည့် စစ်ကောင်စီတပ်သား ၈၃ ဦး ရှိကြောင်း သိရသည်။

လက်နက်ယူဆောင်လာသူများကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတ် မှတ်ထားသည့် လက်နက်တန်ဖိုးအလိုက် ဂုဏ်ပြု ချီးမြှင့်ငွေများ ပေးအပ်ခဲ့ကြောင်း၊ အလင်းဝင် ရောက်လာခဲ့သူများတွင် စစ်မှုထမ်းတပ်သားသစ်များနှင့် ပြည်သူ့စစ်(ပျူစောထီး)များလည်းပါဝင် ကြောင်း သိရသည်။

 

အလင်းဝင်ရောက်ခဲ့သူများမှာ ဗိုလ်မှူး ၁ ဦး၊ ဗိုလ်ကြီး ၄ ဦး၊ ဗိုလ် ၁ ဦး ၊ အရာခံဗိုလ် ၁ ဦး ၊ တပ်ကြပ် ကြီး ၇ ဦး၊ ရဲတပ်ကြပ်ကြပ်ကြီး ၁ ဦး ၊ တပ်ကြပ် ၈ ဦး ၊ ရဲတပ်ကြပ် ၁ ဦး၊ ဒုတပ်ကြပ် ၅ ဦး ၊ ရဲဒုတပ် ကြပ် ၁ ဦး၊ စစ်သား ၃၃ ဦး ၊ ရဲ ၆ ဦဂ၊ ပြည်သူ့စစ်မှုထမ်း ၅၂ ဦး နှင့် ပြည်သူ့စစ်ဌာနေ ၁၅ ဦးတို့ဖြစ် ကြောင်း သိရသည်။

 

အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ စစ်မှုထမ်းအမိန့်ကြေညာချက်ကြောင့် အတင်းအဓမ္မ လူသစ် စုဆောင်းခံရသူများ အပါအဝင် ပြည်သူ့ဘက်ရပ်တည်လိုသည့် တပ်သားနှင့်ရဲများ အနေဖြင့် ပြည်သူ့ ရင်ခွင် တယ်လီဂရမ် @MyanmarPeople (သို့) နီးစပ်ရာ PDF၊ ပကဖများနှင့် မဟာမိတ် တိုင်းရင်း သား တော်လှန်ရေးအဖွဲအစည်းများကို ဆက်သွယ် ချိတ်ဆက်ကာ ပြည်သူ့ရင်ခွင် ခိုလှုံကြရန် တိုက် တွန်းထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Yangon News

Yangon News

မှော်ဘီမြို့မရဲစခန်းကို မိုင်းခွဲတိုက်ခိုက်မှု ရဲ ၁ ဦး ထိခိုက်ဒဏ်ရာရ   သံလွင်မြန်မာသတင်း ဇွန်လ ၂၈   ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မှော်ဘီမြို့မရဲစခန်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ရဲ ၁ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း Yagon Army – YA တပ်ဖွဲ့ထံမှ...