ကဗျာကဏ္ဍ “ခြင်းကြားတို့ စဉ်းစားဖို့”
ပျိုးကြဲလက်
စစ်တုရင် အင်ဘဝပေမို့
ယစ်ပလ္လင် ဖင်မကြွချင်ပါဘု
ငါ့ကိုယ်ငါ မင်းမြှောက်ပေါ့
ခြောက်လခံ ဆေးထိုးလို့
ခွေးတိုးပေါက် လမ်းဖော် ။
သံခင်းတမံခင်းရယ်က
ခံရင်းခံရင်း မဟန်ပြန်ပေသမို့
လွတ်လမ်းကြံ ဟန်ပြအထူးကိုလ
စိတ်ကူးယဉ် သင်မတွေးပါနဲ့
ရွေးကောက်ပွဲတော် ။
လက်တစ်ဆုပ်စာ အာဏာ ရမ္မက်ကြီးသမို့
အဖက်လုပ်ကာ လာလာမဖျက်ဆီးပါနဲ့
ပျက်စီးရင် ငါတို့အမျက်ရယ်က
ပြည်ဖျက်ဖို့ တကြော်ကြော်
ရဲဘော်တွေကို အမိန့်ပေး ။
ဖက်ဒရယ်ပြည်ထောင်စုကိုလ
သင်တကယ် တည်အောင်ပြုရင်ဖြင့်
ရဲမက်ထု အခြေမဟန်ပါမှ
ပုန်ကန်ကာ မှန်ရာရပ်လို့
တပ်ပျောက်မှတွေး ။ ။
ပျိုးကြဲလက်
ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက် ညနေ ၄ နာရီ ၈ မိနစ်
Thanlwin Myanmar Media