Mandalay News

Mandalay News

ဆီမီးခုံမြို့မှ ဈေးဝယ်ပြီးပြန်လာသော ပျူဆိုက်တွဲ ၂ စီးကို ပစ်ခတ်တိုက်ခိုက်မှု ပျူ ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁

 

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှ ဈေးဝယ်ပြီး ဆိုက်တွဲဖြင့် ပြန်လာသော ပျူများကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ပျူ ၄ ဦးသေဆုံးခဲ့ကြောင်း ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၂၈ ရက် နံနက် ၈ နာရီခန့်က မြင်းခြံမြို့နယ်၊ ဆုံရွာပျုရွာမှ ဆီမီးခုံမြို့သို့ ဆိုက်တွဲ ၂ စီး ဖြင့် ဈေးဝယ်သွားပြီး ပြန်လာသော ပျုများကို ဆီမီးခုံမြို့ ရေနက်ဆိပ်ကမ်း (စစ်‌သင်္ဘော တည်ရှိရာ ရေတပ်စခန်း) နှင့် ဆုံရွာပျုရွာကြား ကားလမ်းမကြီးပေါ်၌ စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပျူ ၄ ဦးသေဆုံးပြီး ၂ ဦးထွက်ပြေးသွားကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဂျိုးဖြူ-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြင်းခြံ) နှင့် မြင်းခြံမြောက်ပိုင်းသား ပြောက်ကျားတပ်ဖွဲ့ – (MNGF) ရဲဘော်များမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

ယင်း ဆုံရွာ ပျူစောထီးရွာသည် အနီးနား ရှိကျေးရွာများမှ ပြည်သူပိုင်ပစ္စည်းများအား ခိုးယူခြင်း၊ ပြည်သူများအား မတရားဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်း၊ အမျိုးသမီးများကို မုဒိမ်း ကျင့်ခြင်း၊ သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်နေသည့် ရွာတစ်ရွာဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ကမ္မမြို့တွင်း၌ ပြည်သူပိုင်ပစ္စည်းများကို လိုက်လံခိုးယူနေသော စစ်ကား ၂ စီးကို တိုက်ခိုက်မှု စစ်သား ၇ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၇   မကွေးတိုင်း ၊ ပခုက္ကူ မြို့နယ် ၊ ကံမ္မမြို့အတွင်း၌ ပြည်သူပိုင်ပစ္စည်းများကို လိုက်လံခိုးယူနေသော စစ်...