Tanintharyi News

Tanintharyi News

တနင်္သာရီ -မောတောင်လမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေသဖြင့် သေရေး ၊ နာရေးမှအပ ခရီးသွားလာ ခြင်းမပြုကြရန် BLACK COBRA COLUMN က သတိပေး

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁

 

တနင်္သာရီတိုင်း ၊ တနင်္သာရီမြို့နယ်၊ တနင်္သာရီ -မောတောင်လမ်းပိုင်းတွင် တိုက်ပွဲများပြင်းထန်နေသ ဖြင့် သေရေး ၊ နာရေးမှအပ ခရီးသွားလာ ခြင်းမပြုကြရန် BLACK COBRA COLUMN က သတိပေး ချက် ထုတ်ပြန်သည်။

 

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှစ၍ တနင်္သာရီမြို့နယ်၊ မောတောင်နယ်စပ် စခန်းအား တပ် အချိန်း အပြောင်းပြုလုပ်ရန်၊ မောတောင်မြို့ရှိ ပျူစောထီးများအား လက်နက်တပ်ဆင်ပေးရန်နှင့် တနင်္သာရီ -မောတောင်လမ်းပိုင်းအား ထိန်းချုပ်နိုင်ရေးအတွက် အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်လာသဖြင့် တိုက်ပွဲများပြင်းထန်လျက်ရှိကြောင်း သိရ သည်။

 

ထိုသို့ ဝင်ရောက်လာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို KNU တနင်္သာရီမြို့နယ်၊ KNLA တပ် ရင်း ၁၁ နှင့် ပူးပေါင်းအဖွဲ့များက စစ်ကောင်စီတပ်စခန်းများအားလုံးနှင့် စစ်ကောင်စီအခြေပြုတပ် ဖြန့်ထားသော နေရာများအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ပိုမိုပြင်းထန်သော တန်ပြန် တိုက်ခိုက်မှုများကို အချိန်မရွေး ပြန်လည်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း အသိပေးထားသည်။

ထိုအပြင် စစ်ကောင်စီတပ်အား ကျောထောက်နောက်ခံ ပြုလုပ်ပေးနေသည့် အဖွဲ့အစည်းများ၊ ၎င်း အဖွဲ့အစည်း တပ်ဖွဲ့ဝင်များ၊ ၎င်း လက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများ၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင် များ၊ လူပုဂ္ဂိုလ်များ၊ သတင်းပေးသူများ၊ ပစ္စည်းအား၊ လူအားဖြင့် အကူအညီပေးနေသူများ နှင့် အ ကြမ်းဖက်စစ်ကောင်စီနှင့်ပတ်သက်ဆက်နွယ်သူများ အားလုံးကို ရန်သူအဖြစ်သတ်မှတ်ပြီး စစ်ရေး ပစ်မှတ်အဖြစ် ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဖြစ်သည် ဟုဆိုသည်။

 

ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူလူထုများအနေဖြင့်လည်း တနင်္သာရီ-မောတောင် နယ် စပ်ကုန်သွယ်ရေးလမ်းအား အထူးအရေးပေါ်ကိစ္စ (သေရေး၊နာရေးကိစ္စ) မှအပ မလိုအပ်ဘဲ ခရီးသွား လာခြင်း မပြုလုပ်ကြရန် ဆက်လက်၍ မေတ္တာရပ်ခံထားသည်။

 

အကြမ်းဖက် စစ်ကြောင်းမှ စစ်သားများသည်လည်း နေရာတိုင်းတွင် အရပ်သားပြည်သူ နေအိမ်များမှ ရွှေ၊ ငွေ၊ လက်ဝတ်ရတနာ နှင့် အဖိုးတန်ပစ္စည်းများ၊ ဆိုလာ၊ဘက္ထရီများ၊ ဆန် နှင့် ရိက္ခာများပါမကျန် ခိုးဝှက်ယူဆောင်လျက်ရှိကြောင်း သိရသည်။

 

ထို့ကြောင့် ပြည်သူလူထုများအနေဖြင့် စစ်ဘေးလွတ်ရာသို့ ပြောင်းရွေ့ရန် လိုအပ်ပါ တန်ဖိုးကြီး ပစ္စည်းများကို တပါးတည်းယူဆောင်သွားကြရန်၊စစ်ပွဲကာလကြာရှည်နိုင်ပါသဖြင့် လိုအပ်သော ဆေး ဝါး၊ ရိက္ခာများအား အတတ်နိုင်ဆုံး စုဆောင်းထားကြရန် ၊ တိုက်ပွဲသတင်း၊ စစ်ရေးအခြေအနေများ အား နားစွင့်၍ မည်သည့်အခြေအနေတွင်ဖြစ်စေ စစ်ကောင်စီတပ်နှင့်ပူးပေါင်းခြင်း၊ ရောနှောနေထိုင် ခြင်းများ မပြုလုပ်ကြရန်နှင့် နှင့် မိမိတို့လုံခြုံရေးအတွက် သတိပြုနေထိုင်ကြရန် အသိပေး ထုတ်ပြန် ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်တို့ပူးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲကျေးရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ...