KNLA News

KNLA News

အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ဖျက်ဆီးနိုင်ခဲ့သည့် ဗိုလ်-မှူး-စောဒါဘောကို KNU/KNLA ဗဟိုက သူရဘွဲ့ချီးမြှင့်

 

သံလွင်မြန်မာသတင်း

ဖေဖော်ဝါရီလ ၁

 

အကြမ်းဖက်စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ဖျက်ဆီးနိုင်ခဲ့သည့် ဗိုလ်-မှူး-စောဒါဘောကို KNU /KNLA ဗဟိုက သူရဘွဲ့ချီးမြှင့်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့မှ မြဝတီမြို့သို့ အင်အား ၁၀၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီ၏ ဒုကာချုပ် စိုးဝင်း ဦးဆောင်သော နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ် ကြောင်းကို ကော်ဘ ရာ စစ်ကြောင်းမှူး ဗိုလ်-မှူး -စောဒါဘောက ရှေ့တန်းစစ်မြေပြင်၌ မကြောက် မရွံပဲ တိုက်ခိုက်၊ ရိုက်ချိုး၊ ဖျက်စီးနိုင်ခဲ့ကြောင်း ပြောဆိုသည်။

ထို့ကြောင့် ရဲစွမ်းသတ္တိအပြည့်နှင့် ခေါင်းဆောင်မှုအရည်အချင်းပြည့်မှီသည့် ဗိုလ်မှူးတစ် ယောက် အဖြစ် သူရဘွဲ့တံဆိပ်ကို KNLA- (ဗဟို) စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G1)- ဗိုလ် -မှူး-ချုပ် စော တာ မလာသော ကိုယ်တိုင် သွားရောက်ဂုဏ်ပြုချီးမြင့်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ဆုချီးမြင့်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၃၁ ရက်နေ့တွင် ကျရောက်သည့် ကရင့်တော်လှန် ရေးနေ့ အခမ်းအနား၌ ချီးမြှင့်ပေးခဲ့ခြင်းဖြစ်ပြီး ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူး လေ အုပ်ချုပ်နယ်မြေ၊ ဒူးပလယာခရိုင်၊ ကောကရိတ်မြို့နယ် အာရှလမ်းမကြီး စစ်မြေပြင် နေရာတစ် နေရာ၌ ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားကို အခမ်းအနားမှူး ဒုဗိုလ် စောဒိုဝါး၊ သဘာပတိ ဗိုလ်-မှူး-ကြီး- စောနယ်ဒါးထူး၊ အခမ်းအနားအစီအစဉ်အား ဖတ်ကြားပြီး ကရင်အမျိုးသားအလံတော်နှင့် တော်လှန်ရေး လုပ် ဆောင်ကြသူများအား အလေးပြုခြင်းဖြင့် အခမ်းအနားစတင်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် သဘာပတိ ဗိုလ်မှူးကြီး စောနယ်ဒါထူးမှ အဖွင့်မိန့်ခွန်းစကားပြောကြားခြင်း၊ တဆက်တည်းမှာပဲ တက်ရောက်လာသည့် တပ်ဖက်ခေါင်းဆောင်များ ကရင်လွတ် မြောက်ရေး တပ်မတော် (ဗဟို) စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော၊ တပ်မဟာ(၆) ဗျူဟာမူး ဗိုလ်မှူးကြီး စောနယ်ဒါးထူး၊ တပ်းရင်း(၂၇) တပ်ရင်းမှူး ၊ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘော၊ တပ်ဗိုလ်၊တပ်မှူးများနှင့်စစ်သားများ တက်ရောက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Shan State News

Shan State News

ဖယ်ခုံမြို့နယ်၊ ဆောင်နန်းခဲရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်တို့ပူးပေါင်းပြီး အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီး   သံလွင်မြန်မာသတင်း ဇွန်လ ၂၆   ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအင်းအရှေ့ဘက်ကမ်းရှိ ဆောင်နန်းခဲကျေးရွာကို စစ်တပ်၊ PNO ပြည်သူ့စစ်ပူးပေါင်းတပ်ဖွဲ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း ဒေသသတင်းရင်းမြစ်များထံမှ...