KNLA News

KNLA News

မြဝတီမြို့သို့ စစ်ကူတက်လာသော စစ်ကြောင်းကို ဗုံးကျဲတိုက်ခိုက်မှု စစ်သား ၁၅ ဦး ထက်မနည်း သေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၁၉

 

ကရင်ပြည်နယ်၊ မြဝတီမြို့သို့ စစ်ကူတက်လာသော အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကျားဖြူစစ်ကြောင်း ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၈ ရက်နှင့် ၁၆ ရက်နေ့တို့က မြဝတီမြို့သို့ စစ်ကူပေးရန် တက်လာသည့် အကြမ်း ဖက် စစ်တပ် အောင်ဇေယျစစ်ကြောင်းကို ကော့ကရိတ်မြို့နယ်၊ အာရှလမ်းမကြီးပေါ်ရှိ တံတားကူး နေရာအရောက် ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားဖြူစစ်ကြောင်းက ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁၅ ဦးထက်မနည်းသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့ ကြောင်း သိရသည်။

 

https://youtu.be/Lz1IZGu–es

“ကော့ကရိတ်မြို့နယ်မှာပဲရှိသေးတယ်။ သူတို့ကတော့ နေ့စဉ် ဆက်တက်ဖို့ကြိုးစားမှာပဲ၊ ကျနော်တို့ ကလည်း ဟန့်တားနိုင်ဖို့ကြိုးစားနေတာပေါ့၊ လောလောဆယ်တော့ တတန်ကူးနဲ့ ကောနွဲ့အနား တဝိုက် မှာပဲရှိသေးတယ်လို့ သတင်းရထားတယ်။” ဟု ကျားဖြူစစ်ကြောင်း မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း BDL PDF တပ်ဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အရာတော်မြို့နယ်၊...