Magway News

Magway News

စလင်းမြို့နယ်တွင် စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု ၇ ဦးထက်မနည်သေဆုံး၊ အလောင်းများကို ကား ၄ စီး ဖြင့်သယ်ယူ (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၃၀

 

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက်စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား၊ ပျူ ၇ ဦး ထက်မနည်းသေဆုံးခဲ့ပြီး အလောင်းများကို ကား ၄ စီးဖြင့် သယ်ယူသွားကြောင်း မင်းဘူးခရိုင် အ မှတ် ၅ တပ်ရင်းထံမှ သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၂၉ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က အကြမ်းဖက်စစ်သား၊ ပျူ အင်အား ၁၀၀ ကျော်ဖြင့် စလင်းမြို့နယ်၊ သရက်ချဥ်ရွာ စာသင်ကျောင်းမှ အနာက်ဘက် သမြင်ကင်းရွာနှင့် ကျောက် စု ကျေးရွာဘက်သို့ တက်လာခြင်းဖြစ်ပြီး သရက်ခုန်ရွာနှင့် ကျောက်စုကျေးရွာကြား အရောက် တော် လှန်ရေးမဟာမိတ်ပူးပေါင်းအဖွဲ့များက တိုက်ခိုက်ခဲ့ရာ အပြန် အ လှန် ပစ်ခတ်တိုက်ပွဲ ၁ နာရီ​ကျော် ကြာမြင့်ခဲ့ကြောင်း၊ သိရသည်။

ယင်းအကြမ်းဖက်စစ်တပ် စစ်ကြောင်းသည် လယ်ကွင်းပြင်အတိုင်း တက်လာခြင်းဖြစ်ပြီး  တော်လှန် ရေးတပ်ဖွဲ့ကင်းပုန်းများက လက်ဦးမှုရယူကာ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် အကြမ်းဖက်စစ်သား ၇ ဦး ထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲခြင်းဖြစ်ပြီး သေဆုံးဒဏ်ရာရ စစ်သားများကို ကား ၄ စီးဖြင့် စလင်းမြို့မဆေးရုံနှင့် ခလရ ၂၅၅ တပ်အတွင်းသို့ သယ်ဆောင်သွားကြောင်း သိရ သည်။

 

အဆိုပါတိုက်ခိုက်မှုအားမင်းဘူးခရိုင် အမှတ် ၅ တပ်ရင်း၊ ဒေါင်းစစ်အောင်(LPDF)နှင့် ဗမာ့တပ်တော် အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နံနက် ၉ နာရီ မိနစ် ၅၀ အချိန်တွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်းသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပုသိမ် -မုံရွာလမ်းပေါ်သို့ ဝင်‌ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၃   မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊စလင်းမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းအတိုင်း ထိုးစစ်ဆင် စစ်ကြောင်းကို...