TNLA News

TNLA News

တအာင်းပြည် ရဲတပ်ဖွဲ့အနေဖြင့် တစ်နှစ်အတွင်း ရာဇဝတ်ပြစ်မှုပေါင်း ၁၀၀၀ ကျော်ကို ဖော်ထုတ် ဖမ်းဆီးအရေးယူ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၈

 

တအာင်းပြည်၊ PSLF/TNLA ၏ တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ တစ်နှစ်အတွင်း ပြစ်မှုပေါင်း (၁) ထောင်ကျော် ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန် သည်။

 

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ပလောင်ပြည်နယ်လွတ်မြောက်‌ ‌ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်သော ခရိုင် (၅) ခုဖြစ်သည့် နမ့်ဆန်ခရိုင်၊ ရွှေလီခရိုင်၊ မာန်အောင် ခရိုင်၊ သံလွင်ခရိုင်နှင့် လားရှိုးခရိုင်တို့တွင် တရားဥပဒေစိုးမိုးရေးတပ်ဖွဲ့မှ ပြစ်မှုပေါင်း (၁၂၄၂) မှုကို ဖမ်းဆီးအရေးယူနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပြစ်မှုများမှာ နမ့်ဆန်ခရိုင်တွင် (၈၃၁) မှု၊ ရွှေလီခရိုင် (၂၂၆) မှု၊ မာန်အောင်ခရိုင် (၁၁၈) မှု၊ သံလွင်ခရိုင် (၅၃) မှုနှင့် လားရှိုးခရိုင် (၁၄) မှုတို့ ဖြစ်ကြောင်း သိရသည်။

 

ယင်းအမှုများကို တရားစီရင်ရေးဌာနမှ (၃၃) မှုကို ဆုံးဖြတ်အပြစ်ပေးအရေးယူခဲ့ပြီး အမှု‌ပေါင်း (၈၁၈) ကိုလည်း တရားဥပဒေစိုးမိုးရေးရဲတပ်ဖွဲ့မှ ဆုံးဖြတ်အပြစ်ပေးအရေးယူနိုင်ခဲ့ကြောင်း၊ ထို့အ ပြင် ရုံးအတွင်းသိမ်းထားသည့် အမှုပေါင်း (၂၅၆) မှုလည်း ရှိနေသေးကြောင်း သိရသည်။

 

ထိုအမှုများသည် လူသတ်မှု၊ အဓမ္မပြုကျင့်မှု၊ ပစ္စည်းခိုးယူမှု၊ အပြင်းထန်နာကျင်စေမှုနှင့် အခြားသော အမှုများဖြစ်ပြီး ၎င်းအနက် မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူ စုစုပေါင်း (၁၉၂၃) ဦးကိုလည်း ဖမ်းဆီး အရေးယူနိုင်ခဲ့ကြောင်း သိရသည်။

 

မူးယစ်ဆေးဝါးရောင်းဝယ်သုံးစွဲသူများကို တရားစီရင်ရေးဌာနမှ (၅၁) မှုကို ဆုံးဖြတ်ပေးခဲ့ပြီး တရား ဥပဒေ စိုးမိုးရေးရဲတပ်ဖွဲ့လည်း အမှုပေါင်း (၁၁၇၀) မှုကို ဆုံးဖြတ်အပြစ်ပေးအရေးယူနိုင်ခဲ့ကြောင်း TNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ အောက်ကင်းရွာအခြေစိုက် ၅၅၇ တပ်ရင်းမှ စစ်မှုထမ်းတပ်သား ၂ ဦး လက်နက်ခဲ ယမ်းများနှင့်အတူ အလင်းဝင်   သံလွင်မြန်မာသတင်း ဇွန်လ ၂၃   တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ အောက်ကင်းရါာအခြေစိုက် ခမရ ၅၅၇ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၂ ဦးလက်နက်ခဲယမ်းများယူဆောင်ပြီး...