CDM News

CDM News

ကရင်နီပြည်တွင် လုပ်သက် ၄၀ ကျော်ရှိ စစ်အရာခံဗိုလ် ၁ ဦးအပါအဝင် စစ်သား ၅ ဦး လက်နက်ခဲ ယမ်းများနှင့်အတူ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၉

 

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်နှင့် ဘောလခဲမြို့နယ်တို့တွင် လုပ်သက် ၄၀ နှစ်ကျော်ရှိ စစ်ရာခံဗိုလ် ၁ ဦး အပါအဝင် စစ်ကောင်စီတပ်သား ၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း KNDF ဗဟိုနှင့် လွိုင်ကော် LPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၂၇ ရက်န့က ဖရူဆိုမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ ၅၃၁ တပ်မှ အရာခံဗိုလ်တစ်ဦး သည် MA-3 အမျိုးအစား သေနတ် ၁ လက်၊ ဆက်စပ်ပစ္စည်းများနှင့်အတူ KNDF ထံသို့ထွက်ပြေး ရောက်ရှိလာ၍ ဘက်ပြောင်းခိုလှုံ လာခဲ့ကြောင်း၊ ဘက်ပြောင်းခိုလှုံလာသော အရာခံဗိုလ်မှာ စစ် ကောင်စီတပ်တွင် စစ်မှုထမ်းလုပ်သက် (၄၀) နှစ်ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။

ထိုသို့ ဘက်ပြောင်းခိုလှုံရခြင်းမှာ အကြမ်းဖက်စစ်ကောင်စီ၏ မတရားသော လုပ်ရပ်များနှင့် အာဏာ ရှင် စနစ်ဆိုးအောက်တွင် ဆက်၍ တာဝန်ထမ်းဆောင်လိုခြင်းမရှိတော့ခြင်းကြောင့် ထွက်ပြေးခိုလှုံ လာခဲခြင်းဖြစ်ပြီး KNDF တပ်ဖွဲ့မှ လည်း ကောင်းမွန်လုံခြုံစွာ စောင့်ရှောက်ပေးထားကြောင်း သိရ သည်။

 

စစ်ကောင်စီ၏ တပ်သားများအဖြစ် ကျန်ရှိနေသောတပ်ဖွဲ့ဝင်များအနေဖြင့် စစ်အာဏာရှင် လူတစ်စု ၏ အကျိုးစီးပွားအတွက် ရပ်တည်နေမည့်အစား ယခုကဲ့သို့ စစ်ကောင်စီတပ်သားအဖြစ်မှ အချိန်မီ စွန့်ခွာပြီး ပြည်သူလူထုထံခိုလှုံခြင်းဖြင့် ဂုဏ်သိက္ခာရှိစွာ ရှင်သန်ကြရန် KNDF ဗဟို က တိုက်တွန်း ထားသည်။

 

အလားတူ ဘောလခဲမြို့အခြေစိုက် ခမရ ၄၂၉ တပ်ရင်းမှ စစ်မှုထမ်းစစ်သား ၄ ဦးသည် လက်နက် ၃ လက်၊ ခဲယမ်းများနှင့်အတူ ဘက်ပြောင်းခိုလှုံဝင်ရောက်ခဲ့ကြောင်း Loikaw Local PDF ထံမှ သိရ သည်။

ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ဘောလခဲမြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၉ တပ်ရင်းမှ စစ်မှုထမ်း တပ်သား ၄ ဦးသည် လက်နက် ၃ လက် ၊ ခဲယမ်း ၊ ကျည်ဘောက် ၊ မိုင်းများနှင့် အတူ လွိုင်ကော်မြို့နယ် ဒေသခံပြည်သူကာကွယ်ရေးတပ်ထံသို့ ဆက်သွယ်ကာ အလင်းဝင်ရောက်ခဲ့ ကြောင်း သိရသည်။

 

အလင်းဝင်ရောက်ခဲ့သူများသည် ပြည်သူစစ်မူ့ထမ်း ဥပဒေ ထုတ်ပြန်ပြီးနောက် မကြာမီ ရှောင်တခင် အဖမ်းအဆီးခံခဲ့ရကာ အတင်းအဓ္ဓမ လူသစ်စုဆောင်းခံခဲ့ရသည့် ပြည်သူ့စစ်မူထမ်းများဖြစ်ကြောင်း၊ ၎င်းတို့ နှင့်တွေ့ရှိခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်အတွင်းမှ တပ်သား အများအပြားလည်း ဆက် လက်တာဝန်ထမ်းဆောင်လိုစိတ်မရှိပဲ ထမ်းဆောင်နေရသူများကြောင်း အလင်းဝင်ရောက်လာသူများ က ပြောဆိုခဲ့ကြောင်း သိရသည်။

 

လွိုင်ကော်မြို့နယ် ဒေသခံ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့်လည်း အလင်းဝင်ရောက်ခိုလှုံလာ သော တပ်သားများကို နွေးထွေးစွာကြိုဆိုကာ လုံခြုံ သောနေရာတွင် ထားရှိပြီးဖြစ်ကြောင်း၊ အလင်း ဝင်ရောက်လာသူများ၏ စိတ်ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်နိုင်ပြီး အလေးပေးဆောင်ရွက်သွား မည်ဖြစ်ကြောင်း အသိပေးထားသည်။

 

ပြည်သူကာကွယ်ရေးတပ်များထံသို့ ဝင်ရောက်ခိုလှုံ ပူးပေါင်းလာကြမည့် ပြည်သူစစ်မူထမ်းများ ၊ အရာရှိ စစ်သည် ရဲဘော် ၊ အောက်ခြေ ရဲဘော်များ ၊ Non CDM ဝန်ထမ်း များအား လှိုက်လှိုက်လှဲလှဲ နွေးထွေးစွာ ကြိုဆိုလျက်ရှိပြီး လုံခြုံစိတ်ချမှုနှင့်အတူ ၎င်းတို့၏ စိတ်ဆန္ဒ အ‌လေးထား၍ ကာကွယ် စောက်ရှောက်သွားမည့်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

စဉ့်ကူးမြို့နယ်နှင့်မတ္တရာမြို့နယ်အစပ်ရှိ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးတည်ထောင်ထားသော မေတ္တာနန္ဒဆေးရုံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးမွေးဖွားရန်ရောက်ရှိနေ သူ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရ၊ ဆေးရုံ၊ သားဖွားမီးယပ် ဆောာင်အပါအဝင် ၃ လုံး ပျက်စီး သံလွင်မြန်မာသတင်း ဇွန်လ ၂၃   မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့်...