Myinkyina News

Myinkyina News

မြစ်ကြီးနားမြို့ နမ့်ပေါင် လေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ဒုတိယအကြိမ်မြောက် ထပ်မံ တိုက်ခိုက်မှု ပစ်မှတ်နေရာ ၅ ခုကို တိုက်ရိုက်ထိမှန်

 

D Day News

ဧပြီလ ၁၉

 

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ နမ့်ပေါင်လေတပ်စခန်းကို ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် ဒုတိယအကြိမ် ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာ ၅ ခုကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း People Defence Force -NBPDF တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၉ ရက်နေ့ နံနက် ၉ နာရီ ၅၅ မိနစ်အချိန် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ အကြမ်း ဖက်စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်လက်အောက်ခံ နမ့်ပေါင်လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၀ လုံးဖြင့် အနီးကပ်အထိဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပစ်မှတ်နေရာ ၅ ခုကို တိုက်ရိုက်ထိမှန်ပေါက်ကွဲခဲ့ကြောင်း၊ ထိခိုက်သေဆုံးပျက်စီးမှု သိရှိနိုင်ရန်စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

 

ယင်းလေတပ်စခန်းသည် အကြမ်းဖက်စစ်ကောင်စီ၏ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်နယ်မြေအတွင်း၌ တည်ရှိပြီး တိုက်လေယာဉ်များဖြင့် အပြစ်မဲ့ ပြည်သူများပါမကျန် အနိုင်ကျင့် ဗုံးကြဲသတ်ဖြတ်နေ သောကြောင့် စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်ကာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း People Defence Force -NBPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက် နံနက် ၇ နာရီ မိနစ် ၄၀ အချိန်ကလည်း အဆိုပါ မြစ် ကြီးနား လေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၂ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဂျက်ဖိုက်တာ ၂ စီး နှင့် လေတပ်စခန်းဆက်သွယ်ရေးတာဝါတိုင် ပျက်စီးခဲ့ကြောင်း၊ ထို့အပြင် တိုက်လေယာဉ် စက် ပြင် ဂိုဒေါင်နှင့်အရာရှိ ဆောင်တို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

၉/ အညာမြေ စစ်ဆင်ရေးအဖြစ် မြင်းခြံခရိုင်အတွင်းရှိ စစ်တပ်စခန်းနေရာ ၁၂ ခုကို တပြိုင်တည်းဝင် ရောက်တိုက်ခိုက်မှု စစ်သား ၅၀ ကျော်သေဆုံးပြီး လက်နက် ၂၇ လက် သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း မေလ ၂၄   မန္တလေးတိုင်း၊ မြင်းခြံခရိုင်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၂...