Poem

Poem

ကဗျာကဏ္ဍ “ချစ်သူ့စေရာ”

 

ပျိုးကြဲလက်

 

ငါ့တပ်မှာ အမှုထမ်းဖို့

လူဖမ်းကွယ့် ရဲဘော် ။

 

နိုင်ငံတော် ပမာခိုင်းလို့

လူတိုင်းကို ခေါ် ။

 

လာဘ်လာဘ အကျိုးမျှော်

ငွေမြင်သော် လွှတ်ပေး ။

 

အခွင့်သာ အခါကျရင်

ဓားပြတိုက်သေး ။

 

ခါးပိုက်ဆောင် သည်ရဲမက်နဲ့

ရှေ့ဆက်လို့ လျှောက်လိုက်ရင် ။

 

ရောက်လေရာ ပြည်သူဆဲလို့

သေပွဲကိုဝင် ။

 

တာဝန်ပေးက အင်တင်တင်

သူ့ဘဝင် မကြည်ဘူး ။

 

ခွေးကောင်တွေ လက်နက်ချရင်

ငါ့မှာတော့ရူး ။

 

မဲရှုံးချိန် အာဏာရဖို့

နင်တို့က မြှောက်သလေ ။

 

စစ်ရှုံးရင် ကိုလူကြောက်တို့

ကိုယ်ရောင်ဖျောက်နေ ။

 

တပ်ဖျက်တဲ့ ပါတီတွေ

ဝန်ကျေကွယ် မှတ်ထား ။

 

ငါစေရာ သေနတ်ထမ်းလို့

ရှေ့တန်းကိုသွား ။

 

တပ်ချစ်သူ နင့်အသက်နဲ့

ဂုဏ်ပျက်ကို ဆည်ဖို့ရာ ။

 

တို့ပြည်သူ အလိုကျ

ရှေ့ကြွခဲ့ပါ ။

 

ငါ့ဝန်ထမ်းလဲ မြန်မြန်လာ

ရှေ့တန်းမှာ အမှုထမ်း ။

 

မေတ္တာရှင် တပ်ချုပ်ကြီးက

ဆီးကြို လက်ကမ်း ။   ။

 

ပျိုးကြဲလက်

 

ကဗျာရေးသားချိန် = ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက် နံနက် ၄ နာရီ ၄ မိနစ်

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Poem

Poem

ကဗျာကဏ္ဍ “မွေးနေ့ဆုမွန်”   ပျိုးကြဲလက်   ပြည့်မိခင် ရွှေနန်းနဲ့ သရေလျှမ်း ခက်ဝေ အနေကြမ်းခိုက် ရတက်ပွေတယ် မျက်မပြေ နိုင်ဘူး ။   တရားနဲ့ သွေဖီကာကွယ် ပွေလီစွာ စွဲတဲ့လူရူး ။   သက်တော်က ရှစ်ဆယ်မယ် ပြစ်ဆိုဖွယ် ရှိဦး...