AA News

AA News

ရခိုင်ရိုးမတောင်တန်းရှိ မိုးထိတောင်စခန်း နှင့် ဧရာဝတီ -ရခိုင်ပြည်နယ်အစပ်ရှိ ပွိုင့် ၂၆၃ ၊ ၂၆၉ တပ် စခန်း တို့ကို AA က တိုက်ခိုက်သိမ်းပိုက်မှု စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းများ သိမ်းဆည်း ရရှိ

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၈

 

ရခိုင်ရိုးမတောင်တန်းရှိ မိုးထိတောင်စခန်းနှင့် ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်အစပ်ရှိ ပွိုင့် ၂၆၃ တပ် စခန်း၊ ပွိုင့် ၂၆၉ တပ်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်သားအလောင်း များ၊ လက်နက်ခဲယမ်း များ သိမ်းဆည်းရရှိခဲ့ကြောင်း အာရက္ခတပ်တော် -AA က ထုတ်ပြန်သည်။

 

ဇန်ဝါရီလ ၂၁ ရက် နံနက် ၆ နာရီ ၃၀ မိနစ်အချိန်က ရက္ခိုင်ပြည်၊ တောင်ကုတ်မြို့နယ်အတွင်း (တ နည်းအားဖြင့်) ရက္ခိုင်ရိုးမတောင်တန်းပေါ်ရှိ ဖက်ဆစ် အကြမ်းဖက်စစ်ကောင်စီ၏ စခန်းတစ်ခုဖြစ် သော မိုးထိတောင်စခန်းကို အာရက္ခတပ်တော် -AA က စတင်၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ၅ ရက် ခန့် အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ဇန်နဝါရီလ ၂၆ ရက်၊ နံနက် ၁၁ နာရီ ၁၀ မိနစ် အချိန်တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး ဖက်ဆစ်စစ်ကောင်စီ၏ အလောင်းအချို့နှင့် စစ်အသုံးအ ဆောင်၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုအပြင် ဇန်နဝါရီလ ၂၆ ရက် မွန်းလွဲ ၂ နာရီ ၂၈ မိနစ်ကလည်း ဧရာဝတီ-ရက္ခိုင်အစပ် (သို့) ဧရာဝ တီတိုင်းအတွင်းရှိ ပွိုင့် ၂၆၃ တပ်စခန်းကိုလည်းကောင်း၊ ဇန်နဝါရီလ ၂၁ ရက် ညနေ ၅ နာရီ မိနစ် ၅၀ အချိန်က ပွိုင့် ၃၆၉ တပ်စခန်း ကိုလည်းကောင်း အာရက္ခတပ်တော်မှ သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ထိုသို့ သိမ်းပိုက်ရရှိထားသော စခန်းထဲမှ ပွိုင့် ၂၆၃ စခန်းကို အကြမ်းဖက်စစ်ကောင်စီတပ်က ယမန်နေ့ ဇန် နဝါရီလ ၂၇ ရက် မွန်းလွဲ ၁ နာရီ ၃၈ မိနစ်တွင် လေကြောင်း၊ လက်နက် ကြီးပစ်ကူများနှင့်အတူ ပြန် လည် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့် တိုက်ပွဲများ ပြင်းထန်လျက်ရှိကြောင်း သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ကလည်း မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ဂုတ်စီးရိုးကျေးရွာအနီး (အမ်း-ပဒါန်း ကားလမ်းမထက်) တွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီ၏ တမခ ၉၉ လက်အောက်ခံ ခမရ ၄၁၉ ၊ တပ်ရင်း ၁၄ တို့ ပူးပေါင်းစစ်ကြောင်းနှင့် အာရက္ခတပ်တော်တို့ကြား နာရီဝက်ခန့် ကြာ သည်အထိ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ အထိနာပြီး  ဂုတ်စီးရိုးကျေးရွာ ဘက်သို့ ဆုတ်ခွာသွားကြောင်း၊ ထိုသို့ ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်စစ်ကောင်စီ တပ် သားများကို လိုက်လံရှင်းလင်း တိုက်ခိုက်လျက်ခဲ့ရာ စစ်သားအလောင်းနှင့် လက်နက်ခဲယမ်း အချို့ ကို ထပ်မံသိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အာရက္ခတပ်တော်သည် ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ ဖက်ဆစ်အကြမ်းဖက်စစ်ကောင်စီ၏ လက်ကျန်စခန်းများကို တစ်ခုပြီးတစ်ခု ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည့်နည်းတူ ဖက်ဆစ် စစ် ကောင်စီကလည်း ပဲခူးတိုင်းဖက်မှ တန်ပြန်ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသောကြောင့်ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းပေါ်တွင် တိုက်ပွဲများမှာ နေ့တိုင်းဖြစ်ပွား လျက်ရှိ ကြောင်း အသိပေးထားသည်။

 

ထိုအပြင် ရခိုင်ပြည်၊ စစ်တွေမြို့အနီးပတ်ဝန်းကျင်၌လည်း နှစ်ဖက် အပြန်အလှန် လက်နက်ကြီး၊ စနိုက်ပါ၊ ဒရုန်းပစ်ခတ် တိုက်ခိုက်မှုများမှာ နေ့တိုင်းရှိနေကြောင်း အာရက္ခတပ်တော် – AA က ထုတ်ပြန်ထားသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မြင်းခြံမြို့နယ်တွင် စစ်သား၊ ပျူစောထီးများ လိုက်ပါလာသော ကားကို ကြားဖြတ်တိုက်ခိုက်မှု ရုရှား ပြန် ဗိုလ်ကြီး ပြည့်ဖြိုးကျော်၊ ပျူစောထီးခေါင်းဆောင် မင်းသိုက်အပါအဝင် ၃ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၉   မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အနိမ့်ကျေးရွာနှင့် ခေါင်းကွဲကျေးရွာကြားတွင် စစ်သား၊ ပျူစောထီးများ...