NUG News

NUG News

မီရှီဂန်ပြည်နယ်ရှိ မြန်မာလူထုကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်း၊ နိုင်ငံ တော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးတို့ သွားရောက်တွေ့ဆုံ

 

D Day News

ဧပြီလ ၁၉

 

အမေရိကန်နိုင်ငံ၊ မီရှီဂန်ပြည်နယ်ရှိ မြန်မာလူထုကို ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦး ကျော်မိုးထွန်း၊ နိုင်ငံ တော် သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်၊ ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦးတို့ သွားရောက် တွေ့ဆုံခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးထံမှ သိရသည်။

 

ဧပြီလ ၁၃ ရက်၊ မဟာသင်္ကြန် အကြိုနေ့တွင် ပြလုပ်သည့် အမေရိကန်ပြည်ထောင်စု၊ မီရှီဂန်ပြည် နယ်၊ မြန်မာလူထုနှင့် တွေ့ဆုံ ဆွေးနွေးပွဲ (Townhall Meeting) သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဒုနိုင်ငံခြားရေးဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်း တို့နှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇော်လည်း ပါဝင် တက်ရောက်ခဲ့ကြောင်း နိုင်ငံ တော်သမ္မတရုံးက ထုတ်ပြန်ထားသည်။

 

ယင်းတွေ့ဆုံပွဲအတွင်း စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေးအတွက် ဆင်နွှဲနေသည့် နွေဦးတော် လှန်ရေးဆိုင်ရာ အခြေအနေမှန်များကို တင်ပြ ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသူများမှ မေးမြန်း ချက်များကိုလည်း ပွင့်ပွင့်လင်းလင်း ပြန်လည် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ တွေ့ဆုံပွဲအခမ်းအနားသို့ ချင်း၊ ကရင်နီ၊ ကချင်၊ ကရင်၊ ရခိုင် အစရှိသည့် တိုင်းရင်းသားခေါင်း ဆောင်များကလည်း အမှာစကားများ ပြောကြားခဲ့သည့်အပြင် US Congressional Burma Caucus ၏ တွဲဘက်ဥက္ကဋ္ဌ၊ မီရှီဂန်မဲဆန္ဒနယ်မြေ ရီပတ် ဘလီကန် အောက်လွှတ်တော်အမတ် Bill Huizenga ကလည်း ဗွီဒီယိုဖြင့် အမှာစကား ပေးပို့ ပြောကြားခဲ့ကြောင်း သိရသည်။

 

လူထု တွေ့ဆုံ ဆွေးနွေးပွဲအပြင် Burma Center မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့ပြီး Burma Center ၏ Executive Director နှင့် ရုံးအဖွဲ့ဝင်များက လုပ်ငန်းစဥ်များကို ရှင်းလင်း ပြောဆိုခဲ့ ကြောင်း၊ နွေဦးတော်လှန်ရေးရံပုံငွေစျေးရောင်းပွဲကျင်းပနေရာ၌ community members များနှင့် ရင်းရင်းနှီးနှီးတွေဆုံအားပေးခဲ့ကြောင်း သိရသည်။

 

ထို့နောက် Burma Center တွင် လှည့်လည် ကြည့်ရှုခဲ့ကြသလို ရန်ပုံငွေ စုဆောင်းရှာဖွေရေး (OFP) အဖွဲ့တခုဖြစ်သည့် Myanmar Spring Helping Hand တည်ရှိရာနေရာကိုလည်း လှည့်လည် ကြည့်ရှု ခဲ့ကြောင်း သိရသည်။

 

တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်သည့်ရက်သည် မြန်မာ့ရိုးရာ အတာသင်္ကြန်ကာလနှ့င် တိုက်ဆိုင်နေ သဖြင့် သင်္ကြန်အကများ၊ တော်လှန်ရေးသီချင်းများဖြင့် မြန်မာနွယ်ဖွားများက ဖျော်ဖြေတင်ဆက်ခဲ့ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

YDF ခေါင်းဆောင် မြတ်သူ(ခ)သိန်းဇော်ဝင်း၏ တပ်ဖွဲကို အသုံးချပြီး အာဏာအလွဲသုံးစားမှု၊ သစ်၊ မူးယစ်ဆေးဝါးများဖြင့် ကိုယ်ကျိုးရှာမှု၊ လက်အောက်ငယ်သားများအပေါ်မတရား ဖမ်းဆီးနေမှုများ ကို မခံနိုင်၍ YDF တပ်ဖွဲ့မှ စစ်ဒေသမှူးဗိုလ်ကြီးကောင်းကောင်းဦးဆောင်ကာ ခွဲထွက်   သံလွင်မြန်မာသတင်း မေလ ၂၄   Yaw Defense Force-YDF...