Mandalay News

Mandalay News

မန္တလေးမြို့ပေါ်တွင် ဓားပြမှု၊ မုဒိမ်းမှုနှင့် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ ကျူးလွန်နေသည့် ချမ်းမြသာစည် မြို့ နယ်၊ အောင်မြေသာယာရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်တပည့်ဖြစ်သူ သူရှိန်ဝင်းတို့ ပစ်ခတ်ခံရပြီး သေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၇

 

မန္တလေးမြို့ပေါ်တွင် ဓားပြမှု၊ မုဒိမ်းမှုနှင့် လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးမှုများ ကျူးလွန်နေသည့် ချမ်းမြသာစည်မြို့နယ်၊ အောင်သာရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းဦးနှင့် တပည့်ဖြစ်သူ သူရှိန်ဝင်းတို့ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း တော်လှန်ရေးသတင်းရင်းမြစ်ထံက သိရသည်။

 

ယမန်နေ့ ဇန်နဝါရီလ ၂၆ ရက် နံနက် ၁၁ နာရီ ၄ မိနစ်က ချမ်းမြသာစည်မြို့နယ်၊ အောင်သာရပ် ကွက်၊ ၄၅ လမ်းနှင့် ၁၀၇ လမ်းအနီးတွင် ရပ်ကွက်အုပ်ချုပ်ရေးမှူး ဝင်းဦးနှင့် တပည့်ဖြစ်သူ ပျူစော ထီး သူရှိန်ဝင်းတို့ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ အုပ်ချုပ်ရေးမှူး ဝင်းဦး သည် နေရာမှာပင် သေဆုံးသွားပြီး တပည့်ဖြစ်သူ သူရှိန်ဝင်းမှာ အပြင်းအထန် ဒဏ်ရာ (စိုးရိမ်ရ) ဖြင့် ဆေးဝါးကုသမှုခံယူနေစဉ် သေဆုံးသွားကြောင်း သိရသည်။

“အုပ်ကြီးဝင်းဦးကနေရာမှာတင်သေတယ်။ သူ့တပည့် သူရှိန်ဝင်းက ဒဏ်ရာအပြင်းအထန်ရတာ၊ စိုး ရိမ်ရတဲ့ အခြေအနေနဲ့ ညက သေသွားပြီ။ အုပ်ကြီးက စစ်ထမ်းဖို့အတွက် ပြည်သူ့စစ်အင်အား စု ဆောင်းပေးနေတဲ့သူဖြစ်သလို သူ့တပည့် သူရှိန်ဝင်းက မုဒိမ်းမှုပေါင်းများစွာ ကျူးလွန်ထားတဲ့သူ၊ သူက ပျူစောထီးထဲဝင်ပြီး စစ်တပ်နဲ့ပေါင်း၊ စစ်တပ်ဆီကနေ လက်နက်ငှားပြီး မန္တလေးမြို့ပေါ်က ရွှေ ဆိုင်တွေကို ဓားပြတိုက်တယ်၊ စစ်တပ်စစ်ကြောင်းထိုးရာမှာလည်း စစ်တပ်နဲ့လိုက်သွားပြီး ပြည်သူ့ နေအိမ်တွေထဲက ပစ္စည်းတွေဖောက်ထွင်းခိုးယူနေတဲ့သူတို့ ပစ်ရှင်းလင်းခဲ့တာပါ” ဟု တော်လှန်ရေး သတင်းရင်းမြစ်က ပြောကြားသည်။

 

သေဆုံးသူ အောင်သာယာရပ်ကွက် အုပ်ချုပ်ရေးမှူး ဝင်းဦးသည် အကြမ်းဖက်စစ်တပ်အတွက် လူ အင်အား စုဆောင်းပေးနေသူဖြစ်ပြီး တပည့်ဖြစ်သူ သူရှိန်ဝင်းမှာလည်း မုဒိန်းမှုပေါင်းများစွာ ကျူးလွန် ထားသူဖြစ်ကာ အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းပြီး စစ်တပ်ထံမှ လက်နက်ငှားကာ မန္တလေးမြို့ပေါ် ရှိ ရွှေဆိုင်များကို ဓားပြတိုက်နေသူဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီး ဂိတ်ချဆက်ကြေးကောက်နေသော စစ်သားများကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၃ ဦးပွဲချင်းပြီးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၇   မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မြို့သာဆေးရုံအနီးတွင် ဂိတ်ချကာ ဆက်ကြေးကောက် နေသော အကြမ်းဖက်စစ်သားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃...