PDF News

PDF News

ညောင်လေးပင်၊ ပုဇွန်မြောင်းကျေးရွာတိုက်ပွဲအပါအဝင် တောင်ပိုင်းစစ်ဒေသနယ်မြေ၌ တစ်ပတ် အတွင်း တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပြီး စစ်သား ၂၇ ဦးသေဆုံးကာ‌ တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၆

 

ပဲခူးတိုင်း၊ ညောင်လေးပင်၊ ပုဇွန်မြောင်းကျေးရွာတိုက်ပွဲအပါအဝင် တောင်ပိုင်းစစ်ဒေသနယ်မြေ၌ တစ်ပတ် အတွင်း တိုက်ပွဲ ၁၆ ကြိမ်ဖြစ်ပြီး စစ်သား ၂၇ ဦးသေဆုံးကာ‌ တော်လှန်ရေးတပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။

 

ဇန်နဝါရီလ ၁၈ ရက်မှ ၂၄ ရက်နေ့အထိ ၇ ရက်တာကာလအတွင်း တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(PDF) ၊ KNU-KNLA နှင့် အခြား တော်လှန်ရေးပူးပေါင်းအဖွဲ့ များပူးပေါင်း၍ စစ် ကောင်စီတပ်အား ၁၆ ကြိမ်ခန့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားစုစုပေါင်း  ၂၇ ဦးသေဆုံးပြီး ၂၂ ဦး နှင့် အထက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ ၂၃ ရက်နေ့က ညောင်‌လေးပင်မြို့နယ်၊ ပုဇွန်းမြောင်းကျေးရွာ၊ ဆွဲဒလကျောင်းကြီး ဘုန်း ကြီးကျောင်း၌ တပ်စွဲထားသော စစ်ကောင်စီ၏ အထိုင်စခန်းအား စီးနင်းတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်၏ MA အမျိုးအစားသေနတ် ၄ လက်၊ MA ကျည်ဘောက် ၁၀ ခု၊ G3 ၂ လက်၊ ကျည်ဘောက် ၄ ဘောက်၊ အူစီ ၁ လက်၊ ကျည်ဘောက် ၁ ဘောက် နှင့် ကျည်ဆံများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၂၊ တပ်ရင်း ၃၇၀၃၊ တောကျီးကန်း ၇ ကောင်စစ်ကြောင်း၊ တော်ဝင်ဒေါင်းစစ်ကြောင်း၊ Spring Warrior Drone Team၊ ကွန်မန်ဒိုတပ်ရင်း ဒရုန်းအဖွဲ့၊ တပ်ရင်း ၃၇၀၃ ဒရုန်းအဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် ၄ ဦးကျဆုံးခဲ့ပြီး ထိ ခိုက်ဒဏ်ရာရသူအနည်းငယ်ရှိခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာ၌ တပ်စွဲထားသော စစ်တပ်စခန်းကို သိမ်းပိုက်ရရှိ၊ စစ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ   သံလွင်မြန်မာသတင်း ဇွန်လ ၁၅   ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ အုန်းပင်စုရွာတွင် တပ်စွဲထားသော စစ်တပ်စခန်းကို တိုက်ခိုက်သိမ်း ပိုက်ခဲ့ရာ စစ်သား ၈...