Magway News

Magway News

မြိုင်မြို့ စက်မှု ၂ တွင် ရိက္ခာပို့ စစ်တပ် စစ်ကြောင်း ရောက်ရှိနေစဉ် ရော့ကတ် ၁၉ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၅

 

မကွေးတိုင်း၊ မြိုင်မြို့ စက်မှု ၂ တွင် ရိက္ခာပို့ စစ်တပ် စစ်ကြောင်း ရောက်ရှိနေစဉ် ရော့ကတ် ၁၉ လုံး ဖြင့် ပစ်ခတ် တိုက်ခိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးခဲ့ကြောင်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ – မြိုင် ထံမှ သိရသည်။

 

ဇန်နဝါရီလ ၂၃ ရက်နေ့တွင် မြိုင်မြို့မှ စက်မှု ၂ ကို ရိက္ခာကား ၁၂ စီးနှင့် စစ်ကောင်စီ တပ်သားများ ရောက်ရှိနေစဉ် တော်လှန်ရေး တပ်ဖွဲ့များက ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ရော့ကတ် ၁၄ လုံးနှင့် ည ၁၁ နာရီ ၃၀ မိနစ်ခန့်တွင် ရော့ကတ် ၅ လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၄ ဦး သေဆုံးပြီး ၁ ဦးဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သားများက ၆၀ မမ ၊ ၇၉ မမ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင်နှင့် ဇာမဏီ အဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အလားတူ ယင်း စစ်ကြောင်းနှင့် ယာဥ်တန်း မြိုင်မြို့ပေါ်ရှိလာစဉ် ဇန်နဝါရီလ ၁၂ ရက်နှင့် ၁၇ ရက်နေ့တို့တွင်လည်း ဘာမထီ လက်နက်ကြီးပြောက်ကျားတပ်ဖွဲ့ မြိုင် သွားရောက် တိုက်ခိုက်ခဲ့ပြီး ယင်းတိုက်ခိုက်မှုများအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း တပ်ဖွဲ့ တာဝန်ရှိသူက ဆက်လက်ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Karen State News

Karen State News

ကော့ကရိတ် -အင်းကြီးလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ်သား ၂၀ ကျော်သေဆုံးဟုဆို   သံလွင်မြန်မာသတင်း ဇွန်လ ၁၈   ကရင်ပြည်နယ်၊ ကျုံဒိုးမြို့နယ်၊ ကော့ကရိတ် - အင်းကြီးလမ်းပိုင်းတွင် တိုက်ပွဲပြင်းထန်နေပြီး စစ် သား ၂၀ ကျော် သေဆုံးထားကြောင်း KNU သတင်းရင်းမြစ်ထံက သိရသည်။...