Magway News

Magway News

ရေစကြိုမြို့နယ်၊ ခလရ ၂၅၆နှင့် ၂၅၇ တပ်ရင်းမှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု ၅ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၅

 

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ခလရ ၂၅၆ နှင့် ၂၅၇ တပ်ရင်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း မြေလတ်ဒေသ ပြောက် ကျားတပ်ဖွဲ့ထံက သိရသည်။

 

ဇန်နဝါရီလ ၂၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ရေစကြိုမြို့အခြေစိုက်၊ တပ်မ ၁၀၁ လက် အောက်ခံ ခလရ ၂၅၆ နှင့် ၂၅၇ တပ်ရင်းမှ ထွက်လာသော အင်အား ၈၀ ခန့်ပါ စစ်ကြောင်းကို တော် လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ အပြန်အလှန် ပစ်ခတ်တိုက်ပွဲ ၃ မိနစ်ခန်သာ ကြာ မြင့်ခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ခိုက်ရာ တော်လှန်ရေးတပ်ဖွဲ့များက လက်ဦးမှုရယူကာ ပစ်ခတ်တိုက်ခိုက်နိုင်ခဲ့သဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦးထက်မနည်းသေဆုံးကာ အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ ကြောင်း သိရသည်။

 

အဆိုပါ ထိတွေ့ တိုက်ပွဲသည် မိနစ် ၃ ခန့်ကြာမြင့်ခဲ့ပြီး တော်လှန်ရေး တပ်ဖွဲ့များက အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို လက်ဦးမှုရယူကာ တိုက်ခိုက်နိုင်သောကြောင့် စစ်ကောင်စီ တပ်သား ၅ ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို မြေလတ်ဒေသ ပြောက်ကျားတပ်ဖွဲ့ (MRG) ၊ နဂါးနီအထူးတိုက်ခိုက်ရေးအဖွဲ့ (မြိုင်) နှင့် Pakokku Special Task Force တို့က ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

မြင်းခြံမြို့နယ်တွင် စစ်သား၊ ပျူစောထီးများ လိုက်ပါလာသော ကားကို ကြားဖြတ်တိုက်ခိုက်မှု ရုရှား ပြန် ဗိုလ်ကြီး ပြည့်ဖြိုးကျော်၊ ပျူစောထီးခေါင်းဆောင် မင်းသိုက်အပါအဝင် ၃ ဦးသေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၁၉   မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အနိမ့်ကျေးရွာနှင့် ခေါင်းကွဲကျေးရွာကြားတွင် စစ်သား၊ ပျူစောထီးများ...