CDM News

CDM News

ရန်ကုန်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆေးရုံစောင့်ရန် လိုက်ခဲ့ဟု လိမ်လည်ခေါ်ဆောင်ကာ စစ်တပ် အတွင်း ဆွဲသွင်းခံရသည့် စစ်မှုထမ်းသင်တန်းဆင်း တပ်သား ၁ ဦး မုံရွာ ခရိုင် ၂၂ တပ်ရင်း ထံ အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၄

 

ရန်ကုန်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆေးရုံစောင့်ရန် လိုက်ခဲ့ဟု လိမ်လည်ခေါ်ဆောင်ကာ စစ်တပ်အတွင်း ဆွဲသွင်းခံရသည့် စစ်မှုသင်တန်းဆင်း တပ်သား တစ်ဦး အလင်းဝင်ခဲ့ကြောင်း မုံရွာ ခရိုင် အမှတ် ၂၂ နတ်ဆိုးတပ်ရင်းထံက သိရသည်။

 

ဇန်နဝါရီလ ၂၁ ရက် နေ့က မုံရွာမြို့ ၊ မြို့တော်ခန်းမ၌ အ​စောင့်တာဝန်ကျနေသော စစ်မှုထမ်း အ ပတ်စဥ် ၅ သင်တန်းဆင်း တပ်သား အသက် ၃၃ နှစ်အရွယ် ပြည့်ဖြိုးအောင်သည် ပြည်သူ့ရင်ခွင်သို့ ခိုလှုံလိုကြောင်း မုံရွာခရိုင်အမှတ် ၂၂ နတ်ဆိုးတပ်ရင်းထံသို့ ဆက်သွယ်လာသဖြင့် PDF ရဲဘော်များ က မုံရွာမြို့အတွင်းအထိ ဝင်ရောက်ကာ ခေါ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ၎င်းသည်ရန်ကုန်မြို့ရှိ ၎င်းနေ ထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးက ဆေးရုံစောင့်ရန် လိုက်ခဲ့ဟု လိမ်လည်ခေါ်ဆောင်ကာ စစ်တပ် အတွင်း ထည့်သွင်းခံရသူဖြစ်ကြောင်း သိရသည်။

“ခန်းမရောက်တဲ့အချိန်မှာ လက်နက်တွေ သိမ်းထားလို့ ယူလို့မရခဲ့တဲ့အတွက် ပါမလာဘူး။ လက်ရှိ တော့ တပ်ရင်းမှာပဲ ထိန်းသိမ်းစောင့်ရှောက်ပေးထားတယ်၊ သူက ပြန်လို့မရတော့ လောလော ဆယ် ဒီဘက်လုံခြုံတဲ့နေရာမှာ ပဲနေမယ်လို့ ပြေတယ်။ သူက ရန်ကုန်က ၊ သူတို့ရဲ့ရပ်ကွက်အုပ် ချုပ်ရေးမှူး ကနေပြီးတော့ ဆေးရုံလာနာစောင့်ဖို့ လိုက်ခဲ့ဆိုပြီး ခေါ်သွားတာ၊ ဟိုရောက်တော့ ရဲ ၂ ယောက်က လာခေါ်ပြီးတော့ စစ်မှုထမ်းသင်တန်းကို တန်းပို့လိုက်တာ ဂျိုးဖြူ အမှတ် ၁ တန်းမြင့် သင်တန်းကို ၃ လတက်ခဲ့တယ်၊ အဲဒီကနေမှ တပ်မ ၃၃ ကို တစ်ပတ်လောက် နေခဲ့ရတယ်၊ အဲဒီက နေမှ မုံရွာရောက် လာတာ” ဟု မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်းမှ နတ်ဆိုးက ပြောကြားသည်။

 

အလင်းဝင်ရောက်ခဲ့သည့် စစ်ကောင်စီတပ်သားကို ယနေ့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် မြို့နယ် ပကဖ ထံလွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း၊ ထပ်မံ၍ အလင်းဝင်ရောက်မည့် အကြမ်းဖက်စစ်ကောင်စီ တပ်သား၊ စစ်မှုထမ်းစစ်သား၊ ရဲများအနေဖြင့် မုံရွာခရိုင် အမှတ် ၂၂ တပ်ရင်း မုံရွာ နတ်ဆိုး Page မှ ဆက်သွယ်လာပါက မည်သည့်နေရာမဆို သွားရောက်ခေါ်ဆောင်ပေးမည်ဖြစ်ကြောင်း အသိပေးထား သည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် တပ်ကြပ်ကြီး အောင်မျိုး ကို အရှင်ဖမ်းမိ   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   မန္တလေးတိုင်း၊ တောင်သာမြို့နယ်အတွင်းရှိ လမ်းပိုင်းတနေရာတွင် လုံခြုံရေးစစ်ဆေးစဉ် စစ်ကောင် စီတပ်မှ တပ်ကြပ်ကြီး အောင်မျိုးကို အရှင်ဖမ်းဆီးရရှိခဲ့ကြောင်း တောင်သာမြို့နယ် ပကဖထံမှ သိရ သည်။...