Sagaing News

Sagaing News

ကလေးမြို့ထဲတွင် အကြမ်းဖက်စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ဒရုန်း အကြီး ၁ စီးနှင့် Jammer ၂ ခုပျက်စီး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၄

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့ထဲတွင် အကြမ်းဖက်စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦး သေဆုံးပြီး ဒရုန်း အကြီး ၁ စီးနှင့် Jammer ၂ လုံးပျက်စီးခဲ့ကြောင်း ကလေးခရိုင် မိုင်းတပ်ဖွဲ့ထံမှ သိရသည်။

 

ဇန်နဝါရီလ ၂၂ ရက် နံနက် ၈ နာရီ ၃၀ မိနစ်က ကလေးမြို့ထဲမှ GTC ကျောင်းထဲသို့ စစ်ကားအကြီး ၂ စီး ဖြင့် ဒရုန်း၊ Jammer များ သယ်ဆောင်လာသည့် စစ်သားများကို အဝေးထိန်းမိုင်း ၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး စစ်တပ်ပိုင် ၆ လက်ဒရုန်းအကြီး ၁ စီးနှင့် Jammer စက် ၂ လုံးပျက်စီးခဲ့ကြောင်း သိရသည်။

 

အလားတူ ဇန်နဝါရီလ ၂၃ ရက် မွန်းတည့် ၁၂ နာရီ ၂၀ မိနစ်တွင် ကလေးမြို့ထဲမှ GTC ဘက်သို့ အကြမ်းဖက်စစ်သား ၅၀ ခန့်တင်ဆောင်ပြီး ထွက်လာသော စစ်ကားအကြီး ၂ စီးကို အဝေးထိန်း မိုင်း ၅ လုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သားများ ထိခိုက်သေဆုံးမှုများပြားပြီး အတိ အကျ သိရှိနိုင်ရန် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။

“ထိခိုက်သေဆုံးမှုက များနိုင်တယ်၊ ဘယ်လောက်သေပြီး ၊ ဘယ်လောက်ထိတယ် အတိအကျ မသိ ရတာ၊ကားပေါ်မှာပါတဲ့သူတွေရော မြေပြင်မိုင်းရှင်းအဖွဲ့နဲ့ရောဆိုရင် ၅၀ လောက်ရှိတာ၊ မနေ့က တိုက်ခိုက်မှုမှာဆိုရင် စကစဘက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်တာရှိတယ်၊ လုပ်ဆောင်ခဲ့တာက သူတို့စိုးမိုးနယ်မြေထဲမှာဆိုတာ့ သူတို့ ခံပြင်းနေမှာသေချာတယ်” ဟု ကလေး ခရိုင်မိုင်းတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါ တိုက်ခိုက်မှုများကို ကလေးခရိုင်မိုင်းတပ်ဖွဲ့မှ ဦးဆောင်၍ Operation Mo Mo မြို့နယ် ပကဖ တို့ ပူးပေါင်းကာ ဂျိမ်း မစ်ရှင်အဖြစ် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်က လက်နက်ကြီး များဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိခဲ့သော်လည်း မစ်ရှင်ဖော်ဆောင်သည့် ရဲဘော်များ အထိအခိုက်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

“ဂျိမ်းမစ်ရှင်ဖော်ဆောင်နေတာ အခုဆိုရင် ၃ ကြိမ်ရှိပါပြီ၊ ဂျိမ်းမစ်ရှင်ဖော်ဆောင်နိုင်ဖို့ မိုင်းဘထ္ထရီ‌ တွေ အများကြီးလိုအပ်ပါတယ်၊ အရင်အဟောင်းတွေ သုံးနေရတာဆိုတော့ အားကြာကြာမခံတွေ ဖြစ်လာတယ်၊ ဒါ့ကြောင့် မိဘပြည်သူတွေအနေနဲ့ ဝိုင်းဝန်းကူညီပေးကြဖို့ မေတ္တာရပ်ခံပါတယ်” ဟု ကလေးခရိုင် မိုင်းတပ်ဖွဲ့မှ တာဝန် ရှိသူတစ်ဦးက ပြောဆိုသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

ယင်းမာပင်မြို့နယ်၊ ပုသိမ်- မုံရွာလမ်းပိုင်းတွင် စစ်တပ်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး   သံလွင်မြန်မာသတင်း ဇွန်လ ၂၀   စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာမြို့နယ်အရှေ့ခြမ်း ပုသိမ် -မုံရွာလမ်းပိုင်းတွင် စစ်တပ် စစ် ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၄...