CDM News

CDM News

လွိုင်လင်လေး အခြေစိုက် ခလရ ၄၂၇ တပ်ရင်းမှ စစ်မှုထမ်းသင်တန်းဆင်းစစ်သား ၂ ဦး လက်နက်ခဲ ယမ်းများယူဆောင်ပြီး အလင်းဝင် ၊ စခန်းမှ ထွက်စဉ် မိုင်းမိခဲ့သဖြင့် ဆေးဝါးကုသပေးပြီး ကောင်းမွန် စွာစောင့်ရှောက်ပေးထား

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၂၃

 

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ လွိုင်လင်လေးအခြေစိုက် ခလရ ၄၂၇ တပ်ရင်းမှ စစ်မှုထမ်းသင် တန်းဆင်း စစ်ကောင်စီတပ်သား ၂ ဦး လက်နက်ခဲယမ်းယူဆောင်ပြီး အလင်းဝင်ခဲ့ကြောင်း KNDF သတင်းရင်းမြစ်ထံက သိရသည်။

 

ယနေ့ ဇန်နဝါရီလ ၂၃ ရက်နေ့တွင် လွိုင်ကော်မြို့နယ်အတွင်းရှိ ရှေ့တန်းစခန်း တနေရာ၌ တာဝန်ကျ နေသော လွိုင်လင်းလေးအခြေစိုက် ခလရ ၄၂၇ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၆ သင်တန်းဆင်း တပ်သား ၂ ဦးသည် ၎င်းတို့ကိုင်ဆောင်သာ လက်နက်ခဲယမ်းများယူဆောင်ကာ KNDF တပ်ရင်းထံ ဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“အလင်းဝင်ဖို့ ထွက်လာတဲ့အချိန်မှာ သူတို့စခန်းဘေးမှာ စခတွေထောင်ထားတဲ့ မိုင်းမိပြီး ဒဏ်ရာ ရနေလို့ ဆေးကုသပေးနေရတယ်၊ ဒဏ်ရာက စိုးရိမ်စရာတော့မရှိဘူး။ စစ်မှုထမ်းသင်တန်း အပတ် စဉ် ၆ က ဆင်းလာတဲ့ သူတွေပါ၊ အခုတော့ သူတို့ကို ဘေးကင်းလုံခြုံတဲ့နေရာမှာ ကောင်းမွန်စွာ စောင့်ရှောက်ပေးထားပါတယ်” ဟု KNDF ရဲ ဘော်တစ်ဦးက ပြောကြားသည်။

 

အလင်းဝင်ရောက်ခဲ့သည့် စစ်သား ၂ ဦးနှင့်အတူ MA3 အမျိုးအစား သေနတ် ၂ လက်၊ ကျည်ဘောက် ၆ ဘောက် ၊ ကျည်အတောင့် ၄၀၀ နှင့်အတူ အတူအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Mandalay News

Mandalay News

စဉ့်ကူးမြို့နယ်နှင့်မတ္တရာမြို့နယ်အစပ်ရှိ ပါမောက္ခချုပ်ဆရာတော်ဘုရားကြီးတည်ထောင်ထားသော မေတ္တာနန္ဒဆေးရုံကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ကလေးမွေးဖွားရန်ရောက်ရှိနေ သူ အမျိုးသမီး ၁ ဦးသေဆုံးပြီး ၁၂ ဦးဒဏ်ရာရ၊ ဆေးရုံ၊ သားဖွားမီးယပ် ဆောာင်အပါအဝင် ၃ လုံး ပျက်စီး သံလွင်မြန်မာသတင်း ဇွန်လ ၂၃   မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်နှင့်...