KNU News

KNU News

မြဝတီမြို့ကို ထိုးစစ်ဆင်လာသည့် အကြမ်းဖက်စစ်တပ်ကို ခုခံတိုက်ခိုက်မှု စစ်သား ရာကျော် သေဆုံး၊ သံချပ်ကာ ကားအပါအဝင် စစ်ကားအချို့ပျက်စီးကာ ဒေါနတောင်ခြေ၌ ရပ်တန့်နေ

 

D Day News

ဧပြီလ ၁၈

 

မြဝတီမြို့ကို ထိုးစစ်ဆင်လာ သော စစ်တပ်ကို ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား အင်အား ရာကျော်သေဆုံးပြီး သံချပ်ကာ ယာဉ်များအပါအဝင် စစ်ကားအချို့ပျက်စီးကာဒေါနတောင်ခြေ၌ ရပ်တန့်နေကြောင်း KNUG ဗဟိုက တရားဝင်ထုတ်ပြန်သည်။

 

ဧပြီလ ၁၁ ရက်နေ့တွင် မြဝတီမြို့၏ နောက်ဆုံးကျန်ရှိနေသော ခလရ ၂၇၅ တပ်ရင်းကို KNLA ၊ KNDO နှင့် PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်များက မြဝတီမြို့အား ပြန်လည်ရရှိရန် “အောင်ဇေယျ” အမည်ဖြင့် နိုင်ငံတော် အဆင့် စစ်ဆင်ရေးတစ်ရပ်အားဖော်ဆောင်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ ထိုးစစ်ဆင်လာသော အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (K.N.L.A) မှ ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တို့မှ ၎င်းတို့လာရာလမ်းတစ်လျှောက်တွင် အ ဆက် မပြတ် ဖြတ်တောက် တိုက်ခိုက်ခြင်းများအား ပြုလုပ်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်သား ရာ ကျော် ထိခိုက်သေဆုံးပြီး သံချပ်ကာယာဉ်အပါအဝင် စစ်သုံးကားအချို့ပျက်စီးကာ ရှေ့သို့ဆက် မတက်နိုင်ဘဲ ဒေါန တောင်တန်း အနောက်ဖက် တောင်ချေ တွင်သာ ရပ်တန့်သွားကြောင်း သိရ သည်။

 

ယင်းအကြမ်းဖက်စစ်ကောင်စီတပ်သားများသည် ၎င်းတို့ လာရာလမ်း တစ်လျှောက်ရှိ စစ်ရေး ပစ် မှတ်မဟုတ်သော အရပ်သားများနေထိုင်ရာ နေရာဒေသများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ခဲ့ရာ အပြစ်မဲ့ အရပ်သားပြည်သူ လူထုများ ထိ ခိုက် သေဆုံး ဒဏ်ရာရရှိခဲ့ခြင်းများရှိသည့်အပြင် ပြည်သူ လူထုများ ပိုင်ဆိုင်သော ပစ္စည်းဥစ္စာများ လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။

Photo − တော်လှန်ရေးတပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ဖျက်စီးခဲ့သော အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်၏ ယာဉ်များ။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Bago News

Bago News

အုတ်ဖိုမြို့နယ်၊ တစ်အိမ်လျှင် စစ်မှုထမ်းကြေး ၃ သိန်းကျပ်တောင်းခံပြီး မပေးနိုင်သူများကို စစ်တပ် ခေါ်ဖမ်းခိုင်းနေသည့် အုပ်ချုပ်ရေးမှူး သန်းလွင် ပစ်ခတ်ခံရပြီး သေဆုံး   သံလွင်မြန်မာသတင်း မေလ ၂၂   ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ အုတ်ဖိုမြို့နယ်၊ တစ်အိမ်လျှင် စစ်မှုထမ်းကြေး ၃ သိန်းကျပ်တောင်းခံ...