Shwe Bo News

Shwe Bo News

ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူရွာတွင် ပျူခေါင်းဆောင်များ စုဝေးနေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပျူ ၂ ဦးသေဆုံး (ရုပ်သံ)

 

D Day News

ဧပြီလ ၁၇

 

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းပျူရွာတွင် ပျူခေါင်းဆောင်များ စုဝေးနေစဉ် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပျူ ၂ ဦးသေဆုံးခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- ရွှေဘို ထံမှ သိရသည်။

 

ယမန်နေ့ ဧပြီလ ၁၆ ရက် နံနက် ၈ နာရီ မိနစ် ၂၀ အချိန်ခန့်က ရွှေဘိုမြို့နယ်အနောက်ခြမ်း ညောင် ကိုင်းပျူကျေးရွာတွင် တည်သီးတော၊ မြင်းစီး၊ ကုတိုးဆိပ်မှ ပျူခေါင်းဆောင်များ ၊ပျူများ စုဝေး ရောက်ရှိနေချိန် Fixed Wings နည်းပညာ Drone နှစ်စီး ၊ Multirotor Drone နှစ်စီးဖြင့် ဗုံးသီး ၇ လုံးဖြင့် ကြဲချ တိုက် ခိုက်ခဲ့ရာ ညောင်ကိုင်းပျူကျေးရွာမှ ပျူ ထွန်းဝေနှင့် ကွမ်တီညိုတို့ သေဆုံးပြီး တည်သီးတော ပျူရွာမှ ပျူစောထီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

https://youtu.be/wFj_THCAIvE

ယင်းတိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်သား၊ ပျူများက အပေါ်စီးကနေ၍ စက်ကလေးဖြင့် ရမ်း သမ်းပစ်ခတ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းမဟာမိတ်တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ တို က် ခို က်မှုကို ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ – ရွှေဘို၊  Project Flight ( Fight for Democracy )ဒရုန်းတပ်ဖွဲ့ ၊SHAR HTOO WAW နည်းပညာတပ်ဖွဲ့ Team 6 Drop For Justice -DFJ ၊ မတစ်ထောင် (တစ်ကောင်ဘွား) – ဒီပဲယင်းအဖွဲ့၊ Young Ni – SHWEBO ပြည်သူ့ ကာကွယ်ရေးအဖွဲ့၊ Fight for Freedom အဖွဲ့၊ ဗိုလ်ဂျပန်ကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ Buffalo Soilders Freedom Force နှင့် Magic Dragon တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက် ခဲ့ခြင်းဖြစ် ကြောင်းသိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၄ ဦး သေဆုံး (ရုပ်သံ)

သံလွင်မြန်မာသတင်း ဩဂုတ်လ ၂၁ စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ခမြင့်ကျေးရွာမှ ထွက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက် ခဲ့ရာ စစ်သား ၄ ဦး သေဆုံးခဲ့ကြောင်း BDL PDF တပ်ဖွဲ့က ထုတ်ပြန်သည်။ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က အရာတော်မြို့နယ်၊...