Mon State News

Mon State News

ကျိုက်ထို -ဘီးလင်းလမ်းပိုင်းတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ၊ ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၆ ဦး သေဆုံး (ရုပ်သံ)

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၁၆

 

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျိုက်ထို – ဘီးလင်းလမ်းပိုင်းတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်း ဆွဲ ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ် ရင်း – ၇၈၀၅ တပ်ခွဲ-၄ ထံက သိရပါတယ်။

 

ဇန်နဝါရီလ ၁၄ ရက်နေ့ မနက် ၁၁ နာရီ ၂၈ မိနစ်ခန့်က ကျိုက်ထိုမြို့နယ်ဘက်ကနေ ဘီးလင်းမြို့ နယ်ဘက်ကို ဆင်းလာတဲ့ စစ်ကား ၇ စီးပါ အကြမ်းဖက်စစ်ယာဉ်တန်းကို ရန်ကုန်-မော်လမြိုင် အဝေး ပြေးလမ်းမကြီး၊ ကျိုက်ထို-ဘီးလင်း လမ်းပိုင်းမှာ ၄ စီးမြောက်ကားကို မိုင်း၊ ၄၀ မမ ဗုံးသီး၊ လက် နတ်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့တာ။

အဲဒီတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးသေဆုံးကာ ၃ ဦး ထိခိုက်ဒဏ် ရာ ရရှိကာ ကား ၁ စီးလည်း ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

 

“ကျိုက်ထို ဘက်မှ ဘီလင်းဘက်ကို ဆင်းလာသည့် စစ်ခွေးကား ၇ စီးကို ကြားဖြတ်တိုက်ခိုက်ခဲ့တာ ၊ ၄ စီးမြောက်ကားကို မိုင်း၊ ၄၀ မမ ဗုံးသီးနဲ့ လက်နက်ငယ်တွေ ထိမှန်ပြီး စခ ၆ ဦးသေတယ်။ ၃ ဦး ထိခိုက် ဒဏ်ရာရတယ်” လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း-၇၈၀၅ တပ်ခွဲ-၄ မှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

 

အဲဒီ စစ်ဆင်ရေးကို KNLA တပ်ရင်းနဲ့ PDF (၇၈၀၅) တပ်ရင်း၊ တပ်ခွဲ (၄) တို့က ပူးပေါင်း လုပ်ဆောင် ခဲ့တာဖြစ်ပြီး တော်လှန်ရေး ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။

 

တိုက်ပွဲ ဖြစ်ပွားစဉ်ကာလအတွင်း စစ်ကောင်စီက ကျိုက်ထိုကနေ ဘီးလင်းဘက်ကို ဆင်းလာတဲ့ကား တွေကို လမ်းပိတ်ချခဲ့ကာ ပြည်သူတွေကို လူသားဒိုင်းကာ အဖြစ်အသုံးပြုခဲ့တယ်လို့ သိရပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Magway News

Magway News

ပုသိမ် -မုံရွာလမ်းပေါ်သို့ ဝင်‌ရောက်လာသော စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး ၂ ဦးအရှင်ဖမ်းမိ (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၂၃   မကွေးတိုင်းဒေသကြီး ၊ မင်းဘူးခရိုင် ၊စလင်းမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းအတိုင်း ထိုးစစ်ဆင် စစ်ကြောင်းကို...