Ayardaw News

Ayardaw News

အရာတော် စခတ ၁၀ ၊ မြို့မရဲစခန်းနှင့် သစ်ကျင်းကြီးရွာရှိ စစ်သား၊ ပျူများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်

D Day News

ဧပြီလ ၁၇

 

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ စခတ အမှတ် ၁၀ တပ်ရင်း၊ အရာတော်မြို့မရဲစခန်းနှင့် သစ်ကျင်း ကြီးရွာရှိ အကြမ်းဖက်စစ်သား၊ ပျူများကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း BGS Ayardaw Drone Force တပ်ဖွဲ့ထံမှ သိရသည်။

 

ဧပြီလ ၁၄ ရက် မွန်းတည့် ၁၂ နာရီ မိနစ် ၃၀ အချိန်ခန့်က အရာတော်မြို့နယ်၊ သစ်ကငျ်းကျေးရွာ၌ တပ်စွဲထားသော အကြမ်းဖက်စစ်သားများ ပျူများကို လက်လုပ် ၁၂၀ မမ စလစ်ဗုံးသီး ၂ လုံးကျဲချ ကာ တိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီ တပ်သားများ ထိခိုက်မှုကို စုံစမ်းဆဲဖြစ်ကြောင်း သိရသည်။

 

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် ကွပ်ကဲရေး၊ BGS Ayadaw Drone Force နှင့် Ayadaw Rocket ၊ အရာတော်မြို့နယ် ပကဖ၊တိုက်နယ် အမှတ်‌ ၄၊ တိုက်နယ် ၈ ရဲဘော်များ၊ မိုင်းမင်းသား ပြောက်ကျား အဖွဲ့နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်များ တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ဝင် များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဧပြီလ ၁၂ ရက် ညနေ ၅ နာရီခန့်က အရာတော်မြို့ စခတ(၁၀)တပ်အတွင်း နှင့်မြို့မ ရဲစခန်းအတွင်းသို့ April Fool အထိမ်းအမှတ်အဖြစ်ယမ်း ၂ ပိသာကျော်အလေးချိန်ရှိသည့် အသံမိုင်း ၂ လုံးအား ၁ လုံးစီ ဖြုတ်ချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ တိုက်ခိုက်မှုအတွင်း ရဲစခန်းအတွင်းသို့ ကျ ရောက်ခဲ့သည့် မိုင်းလုံးမှာ သစ်ပင်နှင့်တိုက်မိ၍ မိုင်း ချို့ယွင်းမှုဖြစ်ကာ ပေါက်ကွဲမှုမရှိခဲ့သော်လည်း မိုင်းမြင်တွေ့ရသည့် အကြမ်းဖက်စစ်တပ်လက် အောက်ခံ ရဲတပ်သားများမှာ လွန်စွာထိတ်လန့်နေကြကြောင်း သိရသည်။

 

အဆိုပါ တိုက်ခိုက်မှုကို BGS Ayadaw Drone Force & Ayadaw Rocket တို့ ဦးဆောင်၍ မုံရွာခရိုင် ကွပ်ကဲရေး ၊ မြို့နယ် ပကဖ၊ တိုက်နယ် (၄) ၊တိုက်နယ် (၁၁) ၊ မိုင်းမင်းသား ပြောက်ကျားအဖွဲ့တို့ ပံ့ပိုးကူညီမှု များဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Tanintharyi News

Tanintharyi News

တနင်္သာရီမြို့နယ်၊ သိန်းခွန်ရွာတိုက်ပွဲမှထွက်ပြေးသည့် ခလရ ၁၀၃ တပ်ရင်းမှူးနှင့် ရဲ တပ်သား ၁ ဦးကို အရှင်ဖမ်းမိ၊ တိုက်ပွဲအတွင်းမှ ထွက်ပြေးပြီး အလင်းဝင်လာသူအများအပြားရှိ   သံလွင်မြန်မာသတင်း မေလ ၂၀   တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းရွာတိုက်ပွဲမှ ထွက်ပြေးသွားသည့် ခလရ ၁၀၃ မှ...