Yangon News

Yangon News

လှိုင်သာယာ ၅ ထိပ်ရှိ လှိုင်သာယာမြို့မ ရဲစခန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်

 

D Day News

ဧပြီလ ၁၆

 

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ၅ ထိပ်ရှိ အကြမ်းဖက်စစ်တပ်လက်အောက်ခံ လှိုင်သာယာမြို့မရဲ စခန်းအတွင်းသို့ လက်ပစ်ဗုံးဖြင့် ပစ်ခတ်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow UG တပ်ဖွဲ့ထံမှ သိရသည်။

 

ယနေ့ ဧပြီလ ၁၆ ရက် ည ၇ နာရီ မိနစ် ၃၀ အချိန်ခန့က လှိုင်သာယာမြို့၊ ၅ ထိပ်ရှိ အကြမ်းဖက် စစ် တပ်လက်အောက်ခံ လှိုင်သာယာမြို့မရဲစခန်းအတွင်းသို့ Dark Shadow အဖွဲ့၏ “Urban Freedom” စစ်ဆင်ရေး အဖြစ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ကာ ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

 

ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်လက်အောက်ခံရဲ၊ စစ်သား ထိခိုက်သေဆုံးမှု သိရှိခြင်း မရှိသေးပဲ မစ်ရှင် ဆောင်ရွက်ခဲ့သော ပြည်သူ့ကာကွယ်ရေး ရဲဘော်များ နေရပ်သို့ ဘေးကင်းစွာဖြင့် ပြန်လည်ရောက် ရှိပြီ ဖြစ်ကြောင်း သိရသည်။

 

တော်လှန် နှစ်သစ်ကူးကာလတွင် မိဘ ပြည်သူများ လုံခြုံစွာ သင်္ကြန်ကာလကို ဖြတ်သန်းနိုင်ရန် အ တွက် အကြမ်းဖက် စစ်ကောင်စီမှ ပြုလုပ်သော ပွဲလမ်းသဘင်များကို အထူးရှောင်ရှားကြပါရန်နှင့် စစ်ကောင်စီ နှင့် သက်ဆိုင်သော အဆောက်အဦး၊ စစ်သား၊ ရဲ၊ ပျူစောထီးများ သွားလာရာ လမ်း ကြောင်းများကို ရှောင်ကြဉ်ကြပါရန် Dark Shadow UG တပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

 

Dark Shadow UG တပ်ဖွဲ့အနေဖြင့် တော်လှန်ရေး အောင်မြင်သည်အထိ သစ္စာမဖောက်ဖျက်ဘဲ ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း နှစ်သစ် ကတိသစ္စာ ပြုထားသည်။

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ် အရှေ့ဘက်ခြမ်းကျေးရွာများကို စစ်တပ်က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ်အချို့ထိခိုက်ပျက်စီး

သံလွင်မြန်မာသတင်း ဩဂုတ်လ ၁၉ ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းကျေးရွာများကို အကြမ်းဖက် စစ်တပ် က လက်နက်ကြီး၊ ပါရာမိုတာများဖြင့် ဗုံးကျဲ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦးသေဆုံးပြီး နေအိမ် အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ရေတာရှည်မြို့နယ် အခြေစိုက် တပ်ရင်း ၃၅၀၄ ထံမှ သိရသည်။...