Sesi News

Sesi News

ဆီဆိုင်မြို့နယ်အတွင်း ဝင်ရောက်လာသည့် စစ်ကြောင်းကို တိုက်ခိုက်မှု ဗိုလ်ကြီး ဝေလင်းမောင်၊ ဗိုလ်အောင်ကျော်ထွန်းအပါအဝင် ၁၅ ဦးသေဆုံး

 

D Day News

ဧပြီလ ၁၆

 

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းသို့ စစ်ကြောင်း ထိုးဝင်ရောက်လာသော အကြမ်းဖက်စစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ဝေလင်းမောင်၊ ဗိုလ် အောင်ကျော်ထွန်းအပါအဝင် ၁၅ ဦးသေဆုံးခဲ့ကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနထံက သိရ သည်။

 

ယမန်နေ့ ဧပြီလ ၁၅ ရက်နေ့က ပအိုဝ်းဒေသ ဆီဆိုင်မြို့နယ်အတွင်း ဝင်ရောက်လာသော အကြမ်း ဖက်စစ်ကောင်စီက စစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့မှ ဗိုလ်ကြီး ဝေ လင်းမောင်၊ ဗိုလ်အောင်ကျော်ထွန်း၊ ဒုတပ်ကြပ် အောင်မျိုးထွန်းအပါအဝင် ၁၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ထိုအပြင် ဧပြီလ ၁၃ ရက်က ဖြစ်ပွားခဲ့သည့် တိုက်ပွဲ၌လည်းအကြမ်းဖက်စစ်ကောင်စီတပ်က အရာရှိ ၁၁ ဦး ပြင်းထန်းဒဏ်ရာရရှိခဲ့ပြီး ၂ ဦးမှာ အောင်ပန်းမြို့ ကုတင် ၇၀၀ ဆေးရုံအတွင်း သေဆုံးသွားခဲ့ ကြောင်း သိရသည်။

 

အကြမ်းဖက် စစ်ကောင်စီတပ်က ပအိုဝ်းဒေသကို လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကလေးငယ်များအပါအဝင် ဒေသခံများမှာ ထိခိုက်သေဆုံးနေရပြီး ပအိုဝ်းတို့ အထွဋ်အမြတ်ထားရာ ဘာသာရေးအဆောက်အဦးများကိုလည်း စစ်ကောင်စီက ပစ်မှတ်ထား ဖျက် ဆီးလျက်ရှိကြောင်း PNLA သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ပြန်ထားသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
KIA News

KIA News

ဗန်းမော်မြို့သို့ ရဟတ်ယာဉ်ဖြင့် ပို့ဆောင်ခံရသည့် ဗျူဟာမှူးအသစ်နှင့်အဖွဲ့ KIA တပ်ဖွဲ့က ပစ်ချခံ ရပြီး သေဆုံး၊ KIA က ပစ်ချမှုကြောင့် ရဟတ်ယာဉ် ၂ စီးပျက်စီး သံလွင်မြန်မာသတင်း မေလ ၂၀   ဗန်းမော်မြို့သို့ ဗျူဟာမှူးအချိန်းအပြောင်းပြုလုပ်ရန် ရဟတ်ယာဉ် ၃ စီးဖြင့်လာရောက်သည့် ဗျူဟာမှူးနှင့်အဖွဲ့ကို...