Magway News

Magway News

လောင်းရှည်တွင် ကစဉ့်ကလျားထွက်ပြေးနေ သောစစ်သားများကို တိုက်ခိုက်မှု စစ်သား ၂ ဦး သေ ဆုံးပြီး ၅ ဦး ကို လက်နက်ခဲယမ်းများ နှင့်အတူ အရှင်ဖမ်းမိပြီ ၊ ဆောမြို့မရဲစခန်းမှ စစ်ကောင်စီဝင် ၆ ဦး အလင်းဝင်

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၈

 

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ လောင်းရှည်ဒေသတွင် ကစဉ့်ကလျားထွက်ပြေးနေသော စစ်သားများကို လိုက်လံရှင်းလင်းရာ ၂ ဦးသေဆုံးပြီး ၅ ဦးကိုလက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်း မိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသထံမှ သိရသည်။

 

ဇန်နဝါရီလ ၄ ရက်နေ့က ဆောမြို့နယ်၊ လောင်းရှည်ဒေသ ရင့်ရဲချောင်းရွာအနီး (ဖျင်ချောက် အရှေ့ ဘက်) ၌ ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅) အဖွဲ့မှ နယ်မြေရှင်းလင်းစဉ် စစ်ကောင်စီ အဖွဲ့ဝင် (၄) ဦးကို MA-1 (၂) လက်၊ MA ကျည် (၄၀၇) တောင့်၊ အီနာဂါ (၂) လုံး၊ လက်ပစ်ဗုံး (၁) လုံး၊ နင်းမိုင်း (၁) လုံး၊ MA ကျည်အိမ် (၇) ခု၊ ကျည်ကာဦးထုပ် (၂) လုံး၊ ကျည်ကာအင်္ကျီ (၃) ထည်၊ ကျောပိုးအိမ် (၃) လုံး၊ စစ်ယူနီဖောင်း (၂) ထည်၊ ဖုန်း (၅) လုံး၊ ရေဘူး (၁) ဘူး၊ ဓား (၁) လက် တို့နှင့်အတူ ဖမ်းဆီးရရှိ ခဲ့ကြောင်း သိရသည်။

၎င်းနေ့တွင်ပင် လောင်းရှည်ဒေသ လှော်ကားရွာအနီး ဖိုးခြင်းထောင်ကုန်း၌ ဂန့်ဂေါခရိုင် တပ်ရင်း-၆ အဖွဲ့မှ နယ်မြေရှင်းလင်းစဉ် ထွက်ပြေးသွားသော စစ်ကောင်စီ အဖွဲ့ဝင် (၂) ဦးထံမှ MA-1 (၁) လက် (မောင်းတုံး ပျက်စီး၊ စပရိန် မကောင်း၊ ကျည်အိမ်အောက်ပိတ်မပါ) သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

 

ဒီဇင်ဘာလ (၃၁) ရက်နေ့ကလည်းလောင်းရှည်ဒေသ၊ ရင့်ရဲချောင်းရွာအနီး တွင် ကစဉ့်ကလျားထွက် ပြေးနေကြသော အကြမ်းဖက်စစ်ကြောင်းကို ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅၊ ၆)၊ မကွေးတိုင်း ဒရုန်း တပ်ဖွဲ့၊ စလင်းမြို့နယ် တိုက်ခိုက်ရေးအဖွဲ့ ပူးပေါင်းအဖွဲ့တို့မှ ပစ်ခတ် တိုက်ခိုက်ရာ စစ်ကောင်စီ ဘက်မှ (၂) ဦး သေဆုံးပြီး (၁) ဦးကို ဒဏ်ရာဖြင့် ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။

 

၎င်းတို့နှင့်အတူ MA-2 (၂) လက်၊ MA-3 (၁) လက်၊ G-3 (၁) လက်၊ ကျည်အိမ် (၁၄) ခု၊ G-3 ကျည် (၆၄) တောင့်၊ MA ကျည် (၂၅၀) တောင့်၊ အီနာဂါ (၅) လုံး၊ ၆၀ မမ ဗုံးသီး (၃) လုံး၊ Equipment (၂) ခု၊ ကျောပိုးအိတ် (၃) ခု၊ ရေဘူး (၁) ဘူး၊ စစ်ယူနီဖောင်း (၂) စုံ၊ ရဲယူနီဖောင်း (၁) စုံတို့ကိုလည်း သိမ်း ဆည်းရရှိခဲ့ကြောင်း အမှတ် ၁ စစ်ဒေသက ထုတ်ပြန်သည်။

 

ထို့အပြင် ဇန်နဝါရီလ ၆ ရက်နေ့က ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာသော စစ် ကြောင်းအတွင်းမှ စစ်ကောင်စီအဖွဲ့ဝင် ၅ ဦးသည် MA-1 အမျိုးအစား သေနတ် ၁ လက်၊ MA-3 အမျိုး အစားသေနတ် ၁ လက်၊ MA ကျည် (၄၃၂) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ MA ကျည်အိမ် (၉) ခုနှင့် အတူ ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅) ထံသို့ အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

 

အလားတူ ဇန်နဝါရီလ ၂ ရက်နေ့လည်း ဆောမြို့မရဲစခန်းမှ ရဲတပ်သား (၁) ဦးလည်း ဂန့်ဂေါခရိုင် တပ်ရင်း-၂ ထံသို့ G-3 အမျိုးအစား သေနတ် ၁ လက်၊ 7.62 ကျည် (၅၀) တောင့်၊ ကျည်အိမ် (၂) ခုဖြင့် အလင်းဝင်ရောက်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

အပစ်အခတ်ရပ်စဲထားသည်ကို အခွင့်ကောင်းယူကာ နောင်ချိုမြို့နယ်တွင် ကျေးရွာ ၃ ရွာကို စစ် ကြောင်း သိမ်းပိုက်လာမှုမကြောင့်တိုက်ပွဲဖြစ်၊ စစ်တပ်က ဓာတုအဆိပ်ငွေ့ဗုံး ၃၇ လုံးအပါအဝင် အများအပြား ဗုံးကြဲချ   သံလွင်မြန်မာသတင်း ဇွန်လ ၁၆   ရှမ်းပြည်နယ်မြောက်ပိုင်း၊ တအာင်းပြည်၊ တပ်မဟာ ၃ နယ်မြေ၊...