NUG News

NUG News

တော်လှန်ရေးအလုပ်တွေကို ”မြန်အောင် လုပ်ရမယ်၊ လွယ်ကူအောင်လည်း လုပ်ရမယ်၊ ထိရောက် အောင်လည်း လုပ်ရမယ်”ဆိုတဲ့ မူနဲ့သွားနေတာဖြစ်တဲ့အတွက် ၂၀၂၅ ခုနှစ်ဟာ အပြောင်းအလဲများ မယ့်နှစ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြော

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၇

 

တော်လှန်ရေးအလုပ်တွေကို ”မြန်အောင် လုပ်ရမယ်၊ လွယ်ကူအောင်လည်း လုပ်ရမယ်၊ ထိရောက် အောင်လည်း လုပ်ရမယ်”ဆိုတဲ့ မူနဲ့သွားနေတာဖြစ်တဲ့အတွက် ၂၀၂၅ ခုနှစ်ဟာ အပြောင်းအလဲများ မယ့်နှစ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောဆိုပါ လိုက်ပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁ / ၂၀၂၅ အစိုးရအဖွဲ့အစည်းအဝေးမှာ နိုင်ငံတော် ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားခဲ့တာပါ။

 

“ဒီနေ့ဟာ ၂၀၂၅ နှစ်သစ်ရဲ့ ပထမဆုံးသော အစိုးရအဖွဲအစည်းအဝေးဖြစ်တာကြောင့်၊ အားလုံး အတွက် စိတ်သစ်လူသစ် – ခွန်အားသစ်တွေနဲ့ တော်လှန်ရေးခရီးကို အားသွန်ခွန်စိုက် ရှေ့ဆက်ဖို့ အသင့်ဖြစ် နေလိမ့်မယ်လို ကျွန်တော် ယုံကြည်ပါတယ်။ ဒီနေ့အစိုးရအဖွဲအစည်းမှာ “၂၀၂၅ ဟာ အပြောင်းအလဲတွေ များမယ့်နှစ်” လို ခံယူပြီး ဆက်လက်ချီတက်ဖြတ်သန်းကြဖို ပထမဆုံး တိုက် တွန်းလိုပါတယ်။ အပြောင်း အလဲလို ပြောတဲ့နေရာမှာ အခြေအနေတွေရဲ့ အပြောင်းအလဲတွေကို လည်း ကျွန်တော်တို့ ကြုံလာရမယ့် နှစ်ဖြစ်သလို၊ ကျွန်တော်တိုကိုယ်တိုင်လည်း မိမိကိုယ်ကို အ ပြောင်းအလဲတွေ လုပ်ကြရမယ့်နှစ်လို ယူဆပါတယ်။” လို့ ယာယီသမ္မတဒူဝါလရှီးလက ပြောပါ တယ်။

ဒါ့အပြင် “အစိုးရအဖွဲ့အစည်းအဝေးတိုင်းမှာကျွန်တော့်အနေနဲ့ အမြဲတမ်း ပြောခဲ့ဖူးတာ ရှိပါတယ်။ ကျွန်တော်တို့ဟာ တော်လှန်ရေးအလုပ်တွေကို ”မြန်အောင် လုပ်ရမယ်၊ လွယ်ကူအောင်လည်း လုပ် ရမယ်၊ ထိရောက် အောင်လည်း လုပ်ရမယ်”ဆိုတဲ့ မူဖြစ်ပါတယ်။ ကျွန်တော်တိုအနေနဲ့ ၂၀၂၄ နှစ် မကုန်ခင်ကတည်းက ယခု ၂၀၂၅ အတွက် လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ကြိုတင် ဆွေးနွေး ဆုံးဖြတ်ခဲ့တာတွေ ရှိပါတယ်။ တချို့ကိုလည်း ဆက်လက်ပြီးတော့ အသေးစိတ် ဆွေးနွေးနေဆဲရှိ သလို အတော်များများကတော့ ကျွန်တော်တိုအားလုံးမှာ လွှမ်းခြုံမိတဲ့ ဆုံးဖြတ်ချက်တွေ ဦးတည် ချက်တွေ ရှိထားပြီးဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တိုဟာ အပြောနဲ့ အလုပ် ညီကြဖို၊ လက်တွေ့ အကောင်အထည်ဖော်ရမယ့် လုပ်ငန်းစဉ်တွေမှာ စနစ်တကျ အကောင်အထည်ဖော်ကြဖို့ ထပ်မံ တိုက်တွန်းထားပါတယ်။

 

ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်းက ခြေလှမ်းတွေကို ကျွန်တော်တို့ လေးလေးနက်နက် ပြန်လည် သုံး သပ်ပြီး၊ ဒီနှစ် ၂၀၂၅ မှာ ယခင်နှစ်ထက် သာလွန်တဲ့ စွမ်းဆောင်ရည်တွေဖြစ်အောင် ကြိုးစားကြဖို့ လည်း ဆက်လက်တိုက်တွန်းထားပါတယ်။

 

ဝန်ကြီးဌာနအလိုက် လုပ်ဆောင်မယ့် လုပ်ငန်းစဉ်‌တွေကို ပြည်သူလူထုကို အစီရင်ခံတင်ပြဖို ကိစ္စရပ် တွေလည်း ရှိလာပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

 

အဲဒီထဲကမှ ကာကွယ်ရေးဝန်ကြီးဌာန ကတော့ ရှေ့ဆောင်ရှေ့ရွက်အနေနဲ့ ပြည်သူကို အစီရင်ခံ တင်ပြတဲ့ ကိစ္စနဲ့ ရှေ့ဆက်လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ပြည်သူလူထုထံ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

 

အဲဒီလိုပဲ တခြားသော ဝန်ကြီးဌာနတွေလည်း ပြည်သူလူထုကို တင်ပြဖို လိုအပ်တဲ့ ရှေ့လုပ်ငန်း စဉ်တွေကို ချပြပြီး လူထုနဲ့ တစ်သားတည်း ဆက်ဆံရေး ခိုင်မာနေဖို အထူးလိုအပ်တယ်လို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

 

၂၀၂၅ ခုနှစ်မှာ အမျိုးသားညီညွတ်ရေးအစိုးရအတွက် ပြင်ပြောင်းလဲရေးတွေ စတင်ရမယ့် နှစ် ဖြစ်ပြီး ဒါဟာ နည်းနာပိုင်းအရ – ပုံသဏ္ဍာန်ပိုင်းအရ ထိရောက်တဲ့ ရလဒ်တွေထွက်အောင် အပြောင်းအလဲ လုပ်ခြင်းတယ်လို့ ဆိုပါတယ်။

 

မူလရည်မှန်းချက်ဖြစ်တဲ့ “ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်တည်ဆောက်ရေး” နဲ့ “စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေး” ဆိုတဲ့ ဦးတည်ချက်ကတော့ ဘယ်တော့မှ ပျောက်ပျက်မှာ မဟုတ်ဘူးလို့ ထပ် လောင်းပြောကြားလိုက်ပါတယ်။

 

“ကျွန်တော်တို့ဟာ အပြောင်းအလဲတွေကို မကြောက်ပါဘူး။ အပြောင်းအလဲတွေကို အလိုရှိလို့လည်း တော်လှန်ရေးအစိုးရအဖြစ် ခံယူပြီး လျှောက်လှမ်းနေခြင်းဖြစ်ပါတယ်။ အခြေအနေ အပြောင်းအလဲ တွေကိုလည်း ပြည်သူလူထုနဲ့ နိုင်ငံအတွက် ကောင်းသောပြောင်းလဲခြင်းတွေဖြစ်အောင် ပဲ့ပြင် တည်ဆောက်ယူမယ်လို ခံယူပါတယ်။ မိမိကိုယ်ကို ပြောင်းလဲဖို့ လိုအပ်လာရင်လည်း – ဘာကိုမှ မတွန့်ဆုတ်ဘဲ တိုင်းပြည်နဲ့ လူထုအတွက် မိမိကိုယ်ကို ပြောင်းလဲရေးကို ရဲရဲတင်းတင်း လုပ်ဆောင် နိုင်တယ်ဆိုတာ လက်တွေ့ပြချင်ပါတယ်။” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

 

ပြည်ထောင်စုဝန်ကြီးချုပ်နှင့် ရုံးအဖွဲ့သားများအနေနဲ့ မြေပြင်ရှိ ရဲဘော်တွေနဲ့ ထိတွေ့နိုင်မှုက မြေပြင် ရဲဘော်များအတွက် စိတ်ဓာတ်ခွန်အားများစွာမြင့်တက်စေသလို တော်လှန်ရေး တစုံလုံးအတွက် လည်း များစွာ အားဖြစ်စေတယ်လို့ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလက ပြောဆိုပါတယ်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
TNLA News

TNLA News

PSLF/TNLA ၊ တအာင်းအမျိုးသားပါတီနှင့် တအာင်းအရပ်ဖက်အဖွဲ့စည်းများ ပူးပေါင်း၍ တအာင်း ပြည်ကောင်စီ - TLC ဖွဲ့စည်းလိုက်ပြီး မြန် မာပြည်တော်လှန်ရေးအင်အားစုများနှင့်အတူ ဖက်ဒရယ် ပြည်ထောင်စုနိုင်ငံ တည်ဆောက် နိုင်ရန် အတွက် ပူးပေါင်းဆောင်ရွက်သွားမည်   သံလွင်မြန်မာသတင်း ဇွန်လ ၉   PSLF/TNLA ၊...