Bago News

Bago News

ဖြူးနှင့် အုတ်တွင်းမြို့နယ်များတွင် ၆ ရက်တာ တိုက်ပွဲများ ဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ကျော် သေဆုံး ၊ စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူ ၁၁ ဦးသေဆုံး

 

သံလွင်မြန်မာသတင်း

ဇန်နဝါရီလ ၇

 

ပဲခူးတိုင်း၊ ဖြူးမြို့နယ်နှင့်အုတ်တွင်းမြို့နယ်အစပ်တွင် ၆ ရက်တာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်သား ၅၀ ကျော် သေဆုံးကာ စစ်တပ်က ဒရုန်း၊ လက်နက်ကြီးများဖြင့် ပြည်သူလူထုကို ပစ်မှတ်ထားတိုက် ခိုက်မှုကြောင့် ၁၁ ဦးသေဆုံးခဲ့ကြောင်း တောင်ပိုင်းစစ်ဒေသ၊ အမှတ် ၂ စစ်ဒေသခွဲက ထုတ်ပြန် သည်။

 

ဒီဇင်ဘာလ ၂၆ ရက်နေ့မှ စတင်ပြီး ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဖြူးမြို့နယ် နှင့် အုတ်တွင်းမြို့နယ် များ အတွင်းရှိ ကျေးရွာများ ဖြစ်‌‌ကြသော မျက်နီကွင်း၊ ကြူအင်း၊ သရက်ကုန်း၊ နှောခင်၊ ဂရမ်မတီး၊ ထန်းကုန်း၊ ဝက်ကုန်းကျေးရွာများတို့တွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ များနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ (၆) ရက်တာ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ယင်းတိုက်ပွဲများအတွင်း တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းများ၊ လက်နက်ကြီးပစ်ကူများ၊ မိုင်းများ၊ ကြားဖြတ်ပိတ်ဆို့ တိုက်ခိုက်မှုများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀)ကျော် သေဆုံးခဲ့ပြီး အများအပြားထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ PDF ပူးပေါင်းတပ်ဖွဲ့များဘက်မှလည်း ရဲဘော် (၁)ဦး မြင့် မြတ်စွာ ကျဆုံးခဲ့ရပြီး (၄)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို တောင်ပိုင်းစစ်ဒေသ၊ အမှတ်(၂) စစ်ဒေသခွဲ၊ အမှတ်(၃၅၀၂)တပ်ရင်း စစ် တောင်းစစ်ကြောင်း၊ ဧရာဝတီအမှတ်(၃)တပ်ရင်း၊ ရန်ကုန်မြောက်ပိုင်းခရိုင် ပကဖ တိုက်ခိုက်ရေး အဖွဲ့(၃)၊ အုတ်တွင်းမြို့နယ် ပကဖ၊ ဖြူးမြို့နယ် ပကဖ၊ သရက်ခရိုင် အမှတ်(၄၃၀၂)တပ်ရင်း နှင့် နတ် မောက်မြို့နယ် ပကဖ တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီ၏ ဇရပ်ကြီးမြို့ အခြေစိုက် ခလရ(၇၃) ၊ အုတ်ဖြတ်၊ ကန်ကလေးကျေးရွာ များမှ ဟောင်ဝစ်ဇာ၊ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ အ ရပ်သားပြည်သူ (၁၁)ဦး သေဆုံးခဲ့ရပြီး (၁၂) ‌ဦးမှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကာ ဘာသာရေး အ ဆောက်အဦးများ၊ နေအိမ်အဆောက်အအုံများ အများအပြားထိခိုက် ပျက်စီးခဲ့ရသည်။

 

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များက တော်လှန်ရေးရဲဘော်များက ကိုင်ဆောင်လေ့ရှိ သည့် သေနတ်များ၊ ယူနီဖောင်းများကို ဝတ်ဆင်ကာ ပြည်သူနေအိမ်များမှ ပစ္စည်းများကို ခိုးယူခြင်း၊ ပြည်သူများကို ရိုက်နှက် နှိပ်စက်ခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

Thanlwin Myanmar Media

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
Sagaing News

Sagaing News

မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံံးဖြင့် တိုက်ခိုက်မှု အရာရှိ ၂ ဦးအပါအဝင် ၅ ဦးသေဆုံးပြီး ဆီဂိုဒေါင်နှင့် အရံစက်ပစ္စည်းဂိုဒေါင်တို့ မီးလောင်ပျက်စီး (ရုပ်သံ)   သံလွင်မြန်မာသတင်း ဇွန်လ ၁၆ စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်း စစ်ဌာနချုပ် -နမခကို ရှော့တိုက်ဒုံးဖြင့် တိုက်ခိုက်ခဲ့ရာ...