Min Hal News

Min Hal News

မင်းလှမြို့နယ်တွင် စစ်တပ်က ထုတ်ပေးထားသည့် သေနတ်ကိုင်ဆောင်ပြီး အတင်းအဓမ္မစစ်သား စုဆောင်းနေသူ ပျူခေါင်းဆောင်တစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

 

D Day News

မတ်လ ၂၇

 

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင်အကြမ်းဖက်စစ်တပ်က ထုတ်ပေးထားသည့် သေ နတ် ကိုင်ဆောင်ပြီး အတင်းအဓမ္မ စစ်သားစုဆောင်းနေသူ ပျူ မျိုးမြင့်အောင် (ခ) အောင်အောင်ကို  ပစ်ခတ်ရှင်းလင်းခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ထံမှ သိရသည်။

 

ယမန်နေ့ မတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီ မိနစ် ၃၀ အချိန်ခန့်က မင်းလှမြို့၊ အမှတ် ၈ ရပ်ကွက်၊ စက် ကြီးတန်းလမ်းတွင်နေထိုင်သော အကြမ်းဖက်စစ်တပ်ထောက်တိုင် ပျူခေါင်းဆောင် မျိုးမြင့်အောင် (ခ) အောင်အောင်ကို နေအိမ်ခြံဝန်းအတွင်း ဝင်ရောက်ပစ်ခတ်ရှင်းလင်းခဲ့ရာ သေနတ် ၁၂ ချက် ထိ မှန်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်စဉ် တိုက်ကြီးမြို့အနီးအရောက်သေဆုံးသွား သဖြင့် ရုပ်အလောင်းကို ၎င်း၏ နေအိမ်သို့ ပြန်သယ်သွားကြောင်း သိရသည်။

 

“သူ့ကြောင့် ထောင်ကျသူတွေ၊ အဖမ်းခံရသူတွေ၊ ထွက်ပြေးရသူတွေ၊ အိမ်ချိတ်ပိတ်ခံရသူတွေ တော် တာ် များပြီ။သူ့အိမ်ခြံထဲမှာ ၂ ချက်အရင်ပစ်တယ်၊ အဲလိုအပစ်ခံရတော့ အောက်ပြီး အိမ်ထဲဝင်ပြေး တာ၊ လိုက်ပစ်တော့ ၁၂ ချက်ထိပြီး အိမ်ပေါက်ဝမှာမှောက်သွားတယ်၊ သူ့မိန်းမက ကတ်ကြေးနဲ့ လိုက်ထိုးသေးတယ်၊ စစ်ရေးပစ်မှတ်ထဲမပါလို့ ခြောက်ပစ်ပြီး ပြန်လာခဲ့တာ၊သူ့ကို စစ်တပ်က သေ နတ် ထုတ်ပေးတာ၊ ဝင်ပစ်ချိန်တော့ အိမ်ထဲဝင်မရှာရလို့ မတွေ့ခဲ့ဘူး” ဟု သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သေဆုံးသူ ပျူခေါင်းဆောင် မျိုးမြင့်အောင် (ခ) အောင်အောင်သည် မင်းလှမြိုနယ်၌ နာမည် ဆိုးဖြင့် ကျော်ကြားပြီး လူသိများသည့် စစ်ကောင်စီထောက်တိုင် အမာခံ ပျူခေါင်းဆောင် တဦးဖြစ် ဖြစ် ကြောင်း၊ စစ်ကောင်စီတပ်သားများနှင့်အတူ ကင်းလှည့်ခြင်း၊ ပြည်သူများအား လိုက်လံဖမ်းဆီး ခြင်း၊ စစ်မှုထမ်းရန် ပြည်သူများအား ဖိအားပေး စုဆောင်းခြင်း၊ စစ်ကောင်စီထံ မမှန်သတင်းပေး၍ ပြည်သူ များအား ဖမ်းခိုင်းခြင်းနှင့် ခြိမ်းခြောက်ငွေတောင်းခြင်း၊ စစ်ကောင်စီထံ တော်လှန်ရေး ရဲဘော် များ၏ သတင်းများ အား ထောက် လှမ်း ပေးပိုခြင်းတို့ လုပ်ဆောင်နေသူဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ပစ်ခတ်ရှင်းလင်းမှုကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၃ မှ တပ်ခွဲ ၂ နှင့် မင်းလှ မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ရဲဘော်များက ပူးပေါင်းကာ ရှင်းလင်းခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

သာယာဝတီခရိုင်အတွင်းရှိ ပြည်သူများ အတင်းအဓမ္မ လူစုဆောင်းနေသူများနှင့် တော်လှန်ရေး တပ် ဖွဲ့များကို ဒုက္ခပေးသူများအား ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း  သာယာဝတီခရိုင် တပ် ရင်း ၃၈၀၂ က ထုတ်ပြန်ထားသည်။

 

D Day News

မှတ်ချက်များ ပေးခဲ့နိုင်ပါတယ်...
PDF News

PDF News

BPLA အပတ်စဉ် ၉ သင်တန်းဆင်းပွဲသို့ NUG ဝန်းကြီး ဒေါက်တာဇော်ဝေစိုး ၊ TNLA အထွေထွေ အတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်၊ IEC ဒုဥက္ကဌ ခွန်းဘီထူး ၊ ABSDF ဒုဥက္ကဌနှင့် AA မှ တပ် မှူးတစ်ဦးတို့ တက်ရောက်   သံလွင်မြန်မာသတင်း...