သံလွင်မြန်မာသတင်း
ဩဂုတ်လ ၄
ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး၊ခလယ်လွီထူခရိုင်၊ မူးမြို့နယ်၊ တောင်စုတိုက်ပွဲနှင့် တော်ဝိ တိုက်ပွဲတွင် ဖမ်းဆီးခံရသည့် စစ်သုံ့ပန်းများကို နေရပ်သို့ပြန်လည်ပို့ဆောင်လိုက်ပြီး မပြန်နိုင်သေး သည့် သူများကိုလည်း အလုပ်အကိုင်ရှာဖွေပေးကာ ထိန်းသိမ်းထားရှိကြောင်း KNU ခလယ်လွီထူ ခရိုင်သတင်းနှင့်ပြန်ကြားရေး ဌာနက ထုတ်ပြန်သည်။
ဇွန်လ ၂၅ ရက်နေ့က မူးမြို့နယ်တောင်စုကျေးရွာတွင် စစ်ကြောင်းထိုးအထိုင်ချခဲ့သည့် စစ်ကောင်စီ တပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLAနှင့် ပူးပေါင်းတပ်တို့က တိုက်ခိုက်ခဲ့ ရာ လက်နက်ခဲယမ်းအများအပြားနှင့် စစ်သုံ့ပန်း (၂၃) ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း၊ တပြိုင်တည်းတွင် လယ်ဒိုမြို့နယ် စီမံအုပ်ချုပ်နယ်မြေတော်ဝိကျေးရွာတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် လက်နက်ခဲ ယမ်းအများအပြားနှင့်အတူ စစ်သုံ့ပန်း (၃) ဦး ကို ဖမ်းဆီးရရှိခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲများတွင်း ဖမ်းဆီရရှိခဲ့သည့် စစ်သုံ့ပန်း (၂၆) ဦး ကို စစ်စည်းကမ်းဥပဒေနှင့် အညီ တပ် ရင်း (၉) ထံတွင် ထိန်းသိမ်းထားကာ အိမ်ပြန်လိုသူများအား ပြန်လည်ပို့ဆောင်ခြင်း နှင့် လုံခြုံရေး အရပြန်၍ မရသူများ ၊ မပြန်လိုသူများကို အလုပ်အကိုင်ရှာဖွေပေးကာ ကောင်းမွန်စွာ ထိန်းသိမ်း စောင့်ရှောက်ပေးထားကြောင်း အသိပေးထားသည်။
ဖမ်းဆီးခံရသည့်စစ်သုံ့ပန်းများသည် အများအားဖြင့် မတရားစစ်မူထမ်းခေါ်ခံရသူများဖြစ်ပြီး အချို့ မှာမူ စစ်မှုမထမ်းလိုတော့သည့်စစ်မှုထမ်း သက်တမ်းပြည့် စစ်သားများလဲပါဝင်ကြောင်း သိရသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအနေဖြင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို ကောင်းမွန်စွာ ထိန်းသိမ်းကာ ကိုယ်ရေးအချက်အလက်များကို မှတ်တမ်းများကောက်ယူပြီး နေရပ်သို့ပြန်လို သူများ ကို ပြန်လည်ပို့ဆောင်ခြင်း၊ မပြန်လိုသူများအား အလုပ်အကိုင်ရှာပေးခြင်းများကို စီစဥ်ဆောင်ရွက် ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
စစ်ကောင်စီအနေဖြင့် လူမှုကွန်ရက်ပေါ်တွင် ဝါဒဖြန့်သတင်းအမှားများဖြန့်ဝေလျက်ရှိပြီး စစ်ကောင် စီ လက်အောက်ခံ တပ်သားများ၊ မိဘပြည်သူများအနေဖြင့် သတိထားနိုင်ကြရန် ကြိုတင်အသိပေး အပ်ပါကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ဓာတ်ပုံ- ကေအဲန်ယူမှ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက် ထားသည့် ပုံရိပ်များ။
Thanlwin Myanmar Media